Header Ads

Breaking News
recent

ထိုင်းဝန်ကြီးချုပ်အား လုပ်ကြံရန်ရည်ရွယ်သည့် လက်နက်များ ဖမ်းဆီးရမိ




ထိုင်းနိုင်ငံ လက်ရှိဝန်ကြီးချုပ်နဲ့ ထိုင်းစစ်ကောင်စီအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို လုပ်ကြံဖျက်ဆီးဖို့ ကြံရွယ်နေတဲ့လူတွေကို လက်နက်ခဲယမ်းတွေနဲ့တကွ ဖမ်းဆီးရမိတယ်လို့  ထိုင်းအမျိုးသားရဲတပ်ဖွဲ့က မနေ့ညနေပိုင်းမှာ သတင်းစာရှင်းလင်း ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံအလယ်ပိုင်း ပထုန်ဌာနီခရိုင် ရှပ်နီခေါင်းဆောင် နိုင်းဝုဒ်တိဖုန်း ကိုးချထမ်းခွန်း ခေါ် ကို့ဒီနဲ့ အပေါင်းပါတွေဟာ အွန်လိုင်းရေဒီယိုမှတဆင့် ထိုင်းစစ်ကောင်စီအစိုးရကို ပုတ်ခတ်ပြောဆိုမှုတွေ ရှိနေပြီး ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ကျန်အိုးချား၊ ဒု-ဝန်ကြီးချုပ်  ဗိုလ်ချုပ်ကြီးပရဝစ်ဝုန်ဆုဝမ်းတို့ကိုပါ လုပ်ကြံဖို့ ကြံရွယ်နေကြောင်း ထိုင်းအမျိုးသားလုံခြုံရေးအဖွဲ့က စုံစမ်းသိရှိရတဲ့အတွက် စစ်တပ်နဲ့ရဲဘက်က ထောက်လှမ်းရှာဖွေမှု လုပ်ငန်းတွေကို မတ်လဆန်းပိုင်းက စတင်ဆောင်ရွက်ခဲ့တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး ကျကထစ်ပ် ချိုးကျင်းဒါးက ပြောပါတယ်။
စစ်ဆေးရှာဖွေမှုတွေအရ ခရိုင်ပေါင်း ၇ ခရိုင် နေရာ ၉ နေရာကနေ လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်းအမျိုးမျိုး တွေ့ရှိခဲ့ကြောင်း၊ အဲဒီထဲမှာ အမ်-၁၆ အမျိုးအစား သေနတ် ၄ လက်၊ အမ် ၇၉ လောင်ချာ ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ပြောင်းရှည်သေနတ် ၁ လက်တို့ အပါအဝင် ကျည်ဆံပေါင်းစုံ အတောင့်ပေါင်း ၅ ထောင်ကျော်၊ ပထုန်ဌာနီရှပ်နီ ကိုယ်စားပြု (ကို့ဒီဒဲန်ပထုန်း)  ပိုစတာ ၃ ထည်၊ ထိုင်းဘုရင့်နန်းတော်အား မထေမဲ့မြင်ပြု အထောက်အထားများနဲ့အတူ လူ ၉ ဦးကိုပါ ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။
အဲဒီ လူ ၉ ဦးဟာ လွန်ခဲ့တဲ့ ၂ နှစ်က လက်နက်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံရပြီး ထွက်ပြေးလွတ်မြောက်နေသူ ရှပ်နီခေါင်းဆောင် နိုင်းဝုဒ်တိဖုန်း ခေါ် ကို့ဒီရဲ့ အပေါင်းပါတွေဖြစ်ပြီး တချို့ကို ဓမ္မကာယကျောင်းတိုက်ထဲမှာ တွေ့ဖူးတယ်လို့ ရဲမှူးကြီး ဆုမ်ဘတ် မိလိင်ကျင်းဒါးက ဖြည့်စွက်ပြောကြားပါတယ်။
သူတို့တွေဟာ လက်နက်ခဲယမ်းတွေ စုဆောင်းပြီး အကယ်၍ ဒီအက်စ်အိုင်အဖွဲ့က ဓမ္မကာယကျောင်းတိုက်ကို စီးနင်းသိမ်းပိုက်ရင် တန်ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်ထားတာလို့ ရဲမှူးကြီးက ဆက်ပြောပါတယ်။


သတင်းစာရှင်းပွဲပြီးတဲ့နောက် တာဝန်ရှိ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဆမွတ်ပရကန်ခရိုင် ဘန်ယိုင်နဲ့ ဘန်ဖရီ စတဲ့မြို့နယ် ၂ ခုရှိ ကွန်တိန်နာထုတ်လုပ်ရေးကုမ္ပဏီမှ ထောင်ချီရှိတဲ့ ကွန်တိန်နာတွေကိုလည်း ဆက်လက်စစ်ဆေး ရှာဖွေနေတယ်လို့ သည်နေးရှင်းသတင်းမှာ ဖော်ပြသွားပါတယ်။

No comments:

Powered by Blogger.