Header Ads

Breaking News
recent

တရုတ်​ပြည်​ဘက်​သို့ ထွက်​​ပြေးတိမ်း​ရှောင်​လာသည့် ကိုးကန့်ဒုက္ခသည်​ပိုများလာ




ရှမ်းပြည်နယ် လောက်ကိုင်ဒေသမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် တရုတ်​ပြည်​ဘက်​သို့ ထွက်​​ပြေးတိမ်း​ရှောင်​လာတဲ့ ဒုက္ခသည်​အရေအတွက်ဟာ ၅ သောင်းလောက်ရှိလာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
နန်းဆန်​​ဒေသခံတ​ဦးဖြစ်တဲ့ ဝမ်​အိုက်​တင်​က”အခု ကျနော်​တို့ အနီး ၁၂၅ မှာ ၃​သောင်း​ကျော်​​လောက်ရှိပြီ။ ကျန်​တဲ့ ၁၂၃ ရယ်၊​ ၁၂၇ ရယ်​ လူ​တွေ စစ်​​ဘေး​ရှောင်​​တွေ အများကြီးပဲ။ အားလုံး​ပေါင်းရင်​ ၅​သောင်းအထက်​မှာ ရှိတယ်​။ ​ပြောရရင်​ ကိုးကန့်​လူဦး​ရေရဲ့ ထက်​ဝက်​ခန့်​​လောက်​ရှိပြီ” လို့ ​ပြောပါတယ်​။
တိုက်​ပွဲ စတင်​ဖြစ်​ပွားပြီး​နောက်​ တရုတ်​ပြည်​ဘက်​ကို ထွက်​​ပြေးလာတဲ့ ဒုက္ခသည်​တွေကို တရုတ်​အစိုးရမှ စာရင်းဇယား​ကောက်​ပြီး ၃ ဦးအထက်​ အိမ်​​ထောင်​စုတစုကို ဆန်​တအိတ်စီ ကူညီ​ထောက်​ပံထားတယ်​လို့ သိရပါတယ်​။
“အရင်​ ၂၀၁၅ တိုက်​ပွဲ​လောက်​ မဆိုးဘူး။ အဲတုန်းကဆိုရင်​ လူဦး​ရေ သိန်းချီရှိတယ်​ ထွက်​​ပြေးလာတဲ့လူ​တွေ။ အခုတိုက်​ပွဲက ဒီနယ်​စပ်​ခြံစည်းရိုးရဲ့ ၃ ပုံ ၁ ပုံ​လောက်​ပဲ တိုက်​ပွဲဖြစ်​​တော့ အရင်​တခါ​လောက်​​တော့ မဆိုးဘူး ​ပြောရမယ်​” လို့ ဝမ်​အိုက်​တင်​က ဆက်​​ပြောပါတယ်​။
လက်​ရှိမှာ​တော့ တိုက်​ပွဲက ပြင်းထန်​ခြင်း မရှိ​​ပေမယ့်​ ​သေနတ်​သံတွေက ကြား​နေရဆဲ ဖြစ်​​ကြောင်း သိရပါတယ်​။

No comments:

Powered by Blogger.