Header Ads

Breaking News
recent

နိုင်ငံခြားသားတစ်ဦးနဲ့အတူ ထိုင်နေတဲ့ ပိုးမီရဲ့ ဓာတ်ပုံဟာ အွန်လိုင်းမှာ ပြန့်နှံ့ခဲ့တာနဲ့ ပတ်သတ်ပြီး ကိုယ့်လိပ်ပြာကိုယ်လုံတယ်ဆိုတဲ့ ပိုးမီ ..!



Myanmar Idol ပြိုင်ပွဲဝင်ပိုးမီကတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံကြောင်း သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က နိုင်ငံခြားသားတစ်ဦးနဲ့အတူ ထိုင်နေတဲ့ ပိုးမီဟာ ဓာတ်ပုံဟာ အွန်လိုင်းမှာ ပြန့်ခဲ့ပြီး အဲ့ဒီဓာတ်ပုံကို တင်သူကတော့ ကေတီဗီတွင် အလုပ်လုပ်ကာ နိုင်ငံခြားသားများနဲ့  ပတ်သက်မှုရှိတယ်ဆိုပြီး သူမကို ပြောဆိုထားတာတွေ ဖြစ်ပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီး ပိုးမီက ပြန်လည်ဖြေရှင်းတာမျိုး မလုပ်တော့ဘူးထား ပေမယ့် သူမရဲ့ ပရိသတ်တွေကို အားနာတာကြောင့် ဖေ့စ်ဘွတ်ပေါ်ကနေ ယခုလို ပြောပြခဲ့ပါတယ်။




‘‘ကိုယ်မှန်ရင် ဘယ်သူ့မှ ဂရုမစိုက်တတ်ခဲ့ဘူး.. မမှန်ဘူး ထင်ရင်လည်း ဘယ်သူခိုင်းခိုင်း မလုပ်တတ်ခဲ့ဘူး.. အစက မရှင်းတော့ဘူး.. ဒီတိုင်းပဲ ထားလိုက်တော့ မလို့ပါပဲ.. ဒါပေမဲ့ ကျွန်တော့်ကို အားပေးကြတဲ့ ပရိသတ် တွေ မျက်နှာမငယ်စေဖို့အတွက် ရှင်းပြလိုက်ပါတယ်။ KTV ကလို့ပြောရအောင် ရှေ့မှာ ထောင်ထားတဲ့ စာရွက်လေးကို မမြင်ရလို့လား မမြင်ဖူးလို့ ပြောသလားမသိဘူး နော်.. အဲဒါ ကမ္ဘာအေးဘုရား လမ်းပေါ်က Micasa Hotel က Tapas Bistro ဆိုတဲ့ Dining Room ထဲမှာပါ။ (အဲဒီလိုနေရာကို ရောက်ဖူးတဲ့သူ သိပါတယ်။

ကျွန် တော်က ဟိုးအရင်က အဲဒီနေရာ မှာ Unplugged ဖျော်ဖြေခဲ့တာ ပါ။ (Unplugged ဆိုတယ်ဆိုတာ လည်း မသိရင် သေချာလေ့လာကြပါဦးနော်။ ကိုယ်သွားနေကျ ပန်းကုံးလေးတစ်ကုံးစွပ်ပြီး နှာထလို့ရတဲ့ နေရာမဟုတ်ဘူးဆိုတာ တော့ သိစေချင်တယ်).. Hotel ဖြစ်တဲ့အတွက် ဖော်ရိန်နာတွေနဲ့ ခင်မင်ခဲ့ပါတယ်။ ခင်မင်တဲ့အတွက် စကားပြောကြတယ်။ ဓာတ်ပုံရိုက်ကြတယ်။ ဒီလိုပုံလေးတစ်ပုံတွေ့တာနဲ့ ကြေးစားမအဆင့် သတ်မှတ်လိုက်တဲ့ ပို့စ်ပိုင်ရှင်တွေ ရဲ့ ဦးနှောက်ကိုတော့ လေးစားမိတာအမှန်ပဲ.. ကိုယ့်လိပ်ပြာ ကိုယ် လုံပါတယ်။ တိုက်ခိုက်တဲ့သူတွေ လည်း ကျန်းမာချမ်းသာပါစေလို့ သာ ဆုတောင်းရင်း ဂီတနဲ့ ငြိမ်း ချမ်းပါစေ’’လို့ ပိုးမီက မတ်လ(၁၈)ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။




ပိုးမီဟာ Myanmar Idol ပြိုင်ပွဲတွင် ဆန်ခါတင် သုံးဦးအဆင့်ထိ ပါဝင်ခဲ့နိုင်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဆန်ခါတင်အဆင့်ကို တက်ရောက်နိုင်ခြင်း မရှိခဲ့ပေမဲ့ ပိုးမီကတော့ ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ ပိုးမီအတွက်ကိုလည်း အင်းလေးဒေသရှိ ပရိသတ်တစ်ဦးက ပိုးမီသဘောတူပါက တေးရေးမေသော်နဲ့ တိုင်ပင်ပြီး စီးရီး တစ်ခွေထုတ်ပေးဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

No comments:

Powered by Blogger.