iPhone 7 ထက် အပြတ်သာမယ့် Galaxy S8 ရဲ့ဗွီဒီယိုကင်မရာ ..!
လက်ရှိ စမတ်ဖုန်းဈေးကွက်မှာ အနှေးရိုက်ချက်ကင်မရာပိုင်းမှာ အကောင်းဆုံးကတော့ တစ်စက္ကန့် ကို ဗွီဒီယိုရိုက်ချက်ပေါင်း ၉၆၀ အထိ ရိုက်ကူးနိုင်တဲ့ Sony ရဲ့ Xperia XZ Premium စမတ်ဖုန်းဖြစ်ပါတယ်။ Apple ရဲ့ iPhone 7 မှာ slow motion ဗွီဒီယိုရိုက်မယ်ဆိုရင် 240fps နှုန်းနဲ့ ပဲ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Samsung ရဲ့ Galaxy S8 မှာ သုံးသွားမယ့် ဗွီဒီယိုကင်မရာကတော့ 1000fps နှုန်းအထိ ရိုက်ကူးနိုင်မှာ ဖြစ်လို့ iPhone 7 ဗွီံဒီယိုကင်မရာထက် ၄ ဆကျော် အသေးစိတ်ရိုက်ကူးနိုင်တော့မှာပါ။

Samsung ဟာ သူ့ ရဲ့ Galaxy S8 မှာ 12MP sensor ကင်မရာကို သုံးသွားမှာ ဖြစ်ပြီး ကောင်းမွန်တဲ့ super slow-motion ဗွီဒီယိုအနှေးရိုက်ချက်တွေကို ရိုက်ကူးဖို့ ထည့်ထားမှာ ဖြစ်ပါတယ်။ ကိုရီးယားအခြေစိုက် Naver သတင်းအရ Samsung ဟာ အင်မတန်မြင့်မားတဲ့ ဖရိမ်ရိုက်ချက်နှုန်းများနဲ့ အနှေးရိုက်ကူးနိုင်ဖို့ DRAM (Dynamic Random Access Memory ) သိုလှောင်မှုကို သုံးသွားမယ်လို့ ဖော်ပြထားပါတယ်။ ထပ်တိုးထည့်ထားတဲ့ DRAM ဟာ sensor ရဲ့ ရုပ်ထွက် pixel နဲ့ ဆားကစ်ဘုတ်အကြား မှတ်ဥာဏ်အဖြစ် သိမ်းပေးထားမှာ ဖြစ်ပါတယ်။ Sony မှာလည်း 19MP sensor ကင်မရာကို သုံးထားပြီး 1000fps နှုန်းနဲ့ full HD videos များနဲ့ ဓါတ်ပုံများကို ရိုက်ကူးနိုင်စေမှာပါ။ Samsung နဲ့ Sony စမတ်ဖုန်းသစ်များဟာ စမတ်ဖုန်းတစ်လုံးအနေနဲ့ အကောင်းဆုံး အနှေးဗွီဒီယိုရိုက်ချက်များကို ရိုက်ကူးနိုင်ဖို့ အတွက် စံချိန်သစ်တင်ထားပါတယ်။
https://youtu.be/V9yZBT0nZlw
နမူနာတင်ပေးထားတဲ့ 1000 fps ဗွီဒီယိုအနှေးရိုက်ချက်မှာတော့ Galaxy S8 ကင်မရာကို သုံးထားတာ မဟုတ်ပါဘူး။ နမူနာဗွီဒီယို ရိုက်ချက်ကို Redlake N3 ကင်မရာကို သုံးပြီး အစမ်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ တကယ်လို့ Galaxy S8 စမတ်ဖုန်းကင်မရာသစ်နဲ့ ရိုက်ကူးမယ်ဆိုရင် ဒီထက်ပိုကောင်းဖို့ ရှိပါတယ်။
Apple ရဲ့ ကင်မရာမိတ်ဖက်လုပ်ငန်းလုပ်ထားတဲ့ Sony ဟာ သူ့ ရဲ့ Xperia XZ Premium ကင်မရာသစ်မှာ တစ်စက္ကန့် ကို ဗွီဒီယိုပုံထွက်နှုန်း 960 fps နှုန်းနဲ့ ရိုက်ကူးနိုင်တဲ့ စမတ်ဖုန်း sensor သစ် IMX400 image sensor စနစ်ကို သုံးထားပါတယ်။ ဒါ့ကြောင့် iPhone 8 မှာလည်း ဒီလို အဆင့်မြင့် ကင်မရာကောင်းတစ်စုံပါလာမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

နောက်ဆက်တွဲသတင်းအရ Galaxy S8 ဟာ မျက်နှာစကင်ဖတ်ပြီး mobile payment စနစ်မှာ သုံးသွားနိုင်မယ်လို့ ဆိုပါတယ်။ Samsung ဟာ လာမယ့် မတ်လ ၂၉ ရက်နေ့ နယူယော့ခ်နဲ့ လန်ဒန်မှာ Galaxy S8 နဲ့ S8 Plus တို့ ကို ထုတ်ဖော်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီဖုန်းကို လာမယ့် ဧပြီလ ၂၁ ရက်နေ့ ကစပြီး အရောင် ခုနှစ်မျိုးနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။
No comments: