Header Ads

Breaking News
recent

ဟောလိဝုဒ်ရွှေခေတ် သရုပ်ဆောင်များ၏ လက်ဝတ်ရတနာများကို ရောင်းချမည်




ဟောလိဝုဒ်ရွှေခေတ်သရုပ်ဆောင်တွေရဲ့ လက်ဝတ်ရတနာတွေကို လာမယ့် နိုဝင်ဘာလမှာ လော့စ်အိန်ဂျလိစ်မြို့မှာရှိတဲ့ ဂျူလီယန်လေလံပွဲမှာ ခင်းကျင်းရောင်းချမှာ ဖြစ်ပါတယ်။
အဲလိဇဘက်တေလာ၊ မာရီလင်မွန်ရိုး၊ ကတ်သရင်း ဟပ်ဘန်းနဲ့ အာရိုးလ်ဖလင်းတို့ ဝတ်ဆင်ခဲ့တဲ့ လက်ဝတ်ရတနာတွေကို ခင်းကျင်းရောင်းချသွားမှာပါ။
အဲဒီလေလံပွဲမှာ လက်ဝတ်ရတနာပညာရှင် ယူဂျင်းဂျိုးဆက်ရဲ့ လက်ရာပစ္စည်း အခု ၇၀၀ ကို ပထမဆုံးအကြိမ် ခင်းကျင်းရောင်းချမှာ ဖြစ်ပါတယ်။
ယူဂျင်းဂျိုးဆက်ဟာ ဟောလိဝုဒ်စတူဒီယိုတွေအတွက် လက်ဝတ်ရတနာတွေကို ဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။
၁၉၃၀ နဲ့ ၁၉၄၀ ဝန်းကျင် ဟောလိဝုဒ်ရုပ်ရှင်တွေမှာ ဝတ်ဆင်တဲ့ လက်ဝတ်ရတနာတွေရဲ့ ၉၀ ရာခိုင်နှုန်းကို ဂျိုးဆက်က ဖန်တီးပေးခဲ့တာပါ။
ဒီလေလံပွဲက ပစ္စည်းကို ဝယ်ယူတာဟာ ကာတီယာကုမ္ပဏီက စိန်လည်ဆွဲကို ဝယ်တာနဲ့ မတူပါဘူး။ ဟောလိဝုဒ်အမှတ်တရပစ္စည်းကို ပိုင်ဆိုင်ရတာ ဖြစ်ပါတယ်။ ဒီတော့ ဟောလိဝုဒ်ပစ္စည်း စုဆောင်းသူတွေအဖို့ ဟောလိဝုဒ်သမိုင်းဝင်ပစ္စည်းကို ပိုင်ဆိုင်ရတာ တကယ်အရေးကြီးပါတယ်လို့ ဂျူလီယန်လေလံပွဲရဲ့ လက်ဝတ်ရတနာကျွမ်းကျင်သူ အစ္စဘယ်လ်ယိုက ပြောကြားခဲ့ပါတယ်။
ခင်းကျင်းရောင်းချသွားမယ့် ပစ္စည်းတွေထဲမှာ ဗီဗီယံလေးရဲ့ လည်ဆွဲ၊ ကလာ့ခ်ကေဘယ်ရဲ့ ဆေးပြင်းလိပ်ဘူး၊ မာရီလင်မွန်ရိုးရဲ့နားကပ်နဲ့ အဲလိဇဘက်တေလာရဲ့ ခါးပတ်တို့ ပါဝင်ကြောင်း သိရပါတယ်။
အဲဒီလေလံပွဲကို လာမယ့် နိုဝင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ ပြုလုပ်ဖို့ ရက်သတ်မှတ်ထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Powered by Blogger.