Header Ads

Breaking News
recent

မိုးညှင်းတွင် သမီးအရင်းကို ဖခင်ဖြစ်သူက အဓမ္မပြုကျင့်



ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာမှာ ဖခင်ဖြစ်သူက သမီးအရင်းကို အလိုမတူဘဲ သားမယားပြုကျင့်မှု မတ်လ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီက ဖြစ်ပွားခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။
ဖြစ်ပွားပုံမှာ မော်ဟန်ကျေးရွာနေ ဒေါ်လှငယ် ၅၇ နှစ်နေအိမ်မှာ ရှိနေချိန် အဒေါ်ဖြစ်သူ ဒေါ်တင်ညွန့် ၈၀ နှစ် ကခေါ်သဖြင့်သွားခဲ့ရာ တူမဖြစ်သူ ဝါဝါအောင် ၂၀ နှစ်ကို ငိုနေတာတွေ့လို့ မေးမြန်းခဲ့ရာ နေ့လယ် ၁၁ နာရီ ၃၀ လောက်က  နေအိမ်အပေါ်ထပ်မှာ ထိုင်နေတုန်း ဖခင်ဖြစ်သူက အိပ်ခန်းထဲခေါ်ကာ ပါးရိုက်ပြီး အတင်းအဓမ္မသားမယားပြုကျင့်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။
မိခင်သေဆုံးသွားတဲ့နောက် ၂ နှစ်အတွင်းမှာလည်း သူ့ကို ၁၀ ကြိမ်လောက် အဓမ္မပြုကျင့်ပြီး အော်မယ်လုပ်တိုင်း လည်ပင်းညှစ်၊ ပါးရိုက်၊ ရင်ဘတ်တွေကို ထုလို့ မအော်ရဲခဲ့ဘူးလို့ ပြောပါတယ်။
အမှုကို ဒေါ်လှငယ်က တရားလိုပြုလုပ်ပြီး မော်ဟန်ရဲကင်းစခန်းကို သွားရောက်တိုင်ကြားခဲ့လို့ မော်ဟန်စခန်းမှူး ရဲအုပ်စိုးဝင်းက ပြစ်မှုကျူးလွန်သူကိုသွားရောက်ဖမ်းဆီးပြီး သက်သေခံ ပစ္စည်းတွေ သိမ်းဆည်းစစ်ဆေးရာ ဖခင်ဖြစ်သူ ဖိုးစီ က ဝန်ခံခဲ့ကြောင်း သိရပါတယ်။
မိုးညှင်းမြို့မရဲစခန်းက ဖခင်ဖြစ်သူ ဖိုးစီကို ရာဇသတ်ကြီးပုဒ်မ-၃၇၆ နဲ့ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

No comments:

Powered by Blogger.