Header Ads

Breaking News
recent

ဦးဖြိုးမင်းသိန်း ယနေ့ ညနေ နှလုံးခွဲစိတ်ကုသမည်



ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ရန်ကုန်ဆေးရုံတခုမှာပဲ ဒီနေ့ညနေပိုင်း နှလုံးခွဲစိတ်ကုသဖို့ရှိတယ်လို့ အန်အယ်လ်ဒီအတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ဆေးရုံတက် အော်ပရေးရှင်း လုပ်ရမယ်။ နှလုံးပဲ၊ နှလုံး ဘာခွဲမလဲတော့ မသိဘူး၊ ဆေးရုံတော့ မသိဘူးဗျ။ ရန်ကုန်တော့ ရန်ကုန်မှာပဲ။”
လှည်းကူးမြို့နယ် အန်အယ်လ်ဒီက ဦးမောင်မောင်ကတော့ ဦးဖြိုးမင်းသိန်းဟာ နှလုံးအဆီဖုံးလို့ ခွဲစိတ်ကုသရမယ်လို့ ပြောပါတယ်။
“ဆရာဝန်ကြီးတွေနဲ့ ဘယ်ဆေးရုံဆိုတာ ဒီ နေ့လယ်မှာ သူတို့ ဆုံးဖြတ်ပြီးမှ တက်မှာပါ။ နှလုံးအဆီဖုံးတာပါ၊ ပုံမှန်အတိုင်းပါပဲ။ ဆရာဝန်တွေက စောစောစီးစီးကုသလိုက်ရင် ကောင်းမယ်လို့ ပြောလို့ပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း စောစောစီးစီကုလိုက်ပါလို့ ပြောလို့ပါ။”
ဦးဖြိုးမင်းသိန်းရဲ့ ၀န်ကြီးချုပ်တာဝန်ကိုတော့ ရန်ကုန်တိုင်း  လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ခေတ္တ တာဝန်ယူမှာ ဖြစ်ပါတယ်။

No comments:

Powered by Blogger.