Header Ads

Breaking News
recent

ဖရဲသီးဈေးနှုန်း ဆက်တိုက်ကျဆင်းသဖြင့် တင်ပို့မှု ရပ်နားထားရ


မူဆယ် ကိုတင်ပို့နေတဲ့ ဖရဲ သီးဈေးနှုန်းတွေ ဆက်တိုက်ကျဆင်းလာလို့ တောင်သူ အချို့တင်ပို့မှု ရပ်နားထားတယ်လို့ စစ်ကိုင်းတိုင်း ဖရဲသခွား စိုက်ပျိုးထုတ်လုပ်သူတွေကပြောပါတယ်။
ဒီဇင်ဘာ ဖရဲသခွားပေါ်စက တတန်ကို ဆယ်သိန်းဝန်းကျင်ထိ ပေါက်ဈေးရှိခဲ့ပြီး နှစ်လ အတွင်းမှာ ထက်ဝက်နီးပါး ဈေးကျသွားတာဖြစ်ပါတယ်။
အခုပေါက်နေတဲ့ ဈေးနှုန်းဟာ စိုက်ပျိုးစရိတ်၊ သွင်းအားစုစားရိတ်နဲ့ သယ်ယူစားရိတ်ကို မကာမိတဲ့ အတွက် တပတ်လောက် ရပ်နားထားတာဖြစ်ပါတယ်။
ဖရဲသီးအမြည့်တွေဟာ တပတ်လောက် မခူးဘဲ ထားနိုင်ပေမယ့် တပတ်အတွင်း ဈေးပြန်မတက်ရင်တော့ အကျဈေးနဲ့ တင်ပို့ရမှာဖြစ်ပါတယ်။
မူဆယ် သစ်သီးပွဲရုံတွေကတော့ ကုန်စည်ဒိုင်ကို ဖရဲကားအ၀င် ပုံမှန်ရှိနေပြီး အရည်အသွေး ပေါ်မူတည်ပြီးဈေးနှုန်းကွာဟသွားတာ ဖြစ်တယ်လို့ပြောပါတယ်။

No comments:

Powered by Blogger.