Header Ads

Breaking News
recent

ဂျာနယ်ကျော်မမလေး နှစ် ၁၀၀ ပြည့်ပွဲ ကျင်းပ




မန်မာပြည် သတင်းလောကမှာ လူသိများထင်ရှားသြဇာရှိခဲ့တဲ့  သတင်းစာဆရာမကြီး ဂျာနယ်ကျော် မမလေးရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်မှာ ဒီကနေ့ ကျင်းပပါတယ်။
ဒီပွဲတော်မှာ  ဂျာနယ်ကျော် ခေတ်က ထုတ်ဝေခဲ့တဲ့စာစောင်တွေ၊ ဂျာနယ်ကျော် မမလေးရေးသားထုတ်ဝေခဲ့တဲ့  ၀တ္တုစာအုပ်တွေနဲ့ ဘာသာပြန်စာပေလက်ရာတွေကို ခင်းကျင်းပြသ ထားပါတယ်။
ဒါ့အပြင် ခေတ်အဆက်ဆက် စာရေးဆရာတွေရဲ့ ပုံတူပန်းချီ၊ဓာတ်ပုံ ၃၀၀ ကျော် ပြသထားပြီး စာရေးဆရာတွေက ဂျာနယ်ကျော် အမှတ်တရ ဟောပြောတာနဲ့ မှတ်တမ်းရုပ်ရှင်တွေကိုလည်း ပြသသွားမှာ ဖြစ်ပါတယ်။
ဂျာနယ်ကျော်မမလေးကို ၁၉၁၇ ခုနှစ်က ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ကမာကလူကျေးရွာမှာ မွေးဖွားခဲ့ပြီး  မြန်မာ့သတင်းနဲ့ စာပေလောကရဲ့ မီးရူးတစ်စောင် ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ ဇနီးဖြစ်ပါတယ်။
ဂျာနယ်ကျော်မမမလေးဟာ  သတင်းစာနဲ့ ဂျာနယ်တွေမှာ ဆောင်းပါးတွေရေးသားခဲ့သလို   ဂျာနယ်ကျော်နဲ့  ပြည်သူ့ဟစ်တိုင် သတင်းစာတွေမှာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပါတယ် ။ ဒို့ဗမာအစည်းအရုံး၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်တွေမှာ တာဝန်တွေထမ်းရွက်ခဲ့ပြီး ၁၉၈၂ ခုနှစ် ဧပြီ ၆ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။

No comments:

Powered by Blogger.