မီယာမီ တင်းနစ်ဆီမီးဖိုင်နယ်တွင် ဗြိတိန်သူက နာမည်ကြီး ၀ီလျှံစ်ကို အနိုင်ယူ
အမေရိကန်နိုင်ငံ ဖလော်ရီဒါမှာ ယှဉ်ပြိုင်သွားတဲ့ မီယာမီအိုးပန်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီး တယောက်ချင်း ဆီမီးဖိုင်နယ်မှာ ဗြိတိန်သူ ဂျိုဟန်နာ ကွန်တာက နာမည်ကြီး ဗီးနစ် ၀ီလျံစ်ကို အနိုင်ရသွားပါတယ်။
အသက် ၂၅ နှစ်အရွယ် ကွန်တာဟာ ဗြိတိသျှ အမျိုးသမီးတွေထဲကနေ ပထမဆုံးအကြိမ်အဖြစ် မီယာမီ အိုးပန်းပြိုင်ပွဲမှာ ဗိုလ်လုပွဲကို တက်ရောက်နိုင်တာ ဖြစ်ပါတယ်။
ကွန်တာက ပထမပွဲမှာလည်း အမှတ်အသာနဲ့ ဦးဆောင် ယှဉ်ပြိုင်ပြီး ၆ – ၄နဲ့ အနိုင်ရ သွားပါတယ်။ ဒုတိယပွဲမှာတော့ ဗီးနပ်စ်ရဲ့ စပေးဘော ရိုက်ချက်တွေနဲ့ အကွက်ချ ရိုက်ချက်တွေမှာ ရုန်းကန်ခဲ့ပြီး ကွန်တာကပဲ ၇ – ၅ နဲ့ အနိုင်ရသွားပါတယ်။
ကွန်တာဟာ ဗိုလ်လုပွဲမှာတော့ ဒိန်းမတ်သူ ကယ်ရိုလိုင်း ဝေါ်စနီရာကီနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
No comments: