Header Ads

Breaking News
recent

သီပေါမင်းဆက် နန်းတွင်းအခြေအနေများကို လုပ်ကြံပုံဖော်ထားသည့် ရုပ်သံဇာတ်လမ်းတွဲ ဝေဖန်မှုမြင့်တက်




ထိုင်းနိုင်ငံမှာ ထုတ်လွှင့်ပြသနေတဲ့ နန်းတွင်းရုပ်သံဇာတ်လမ်းတွဲတခုထဲမှာ ပါဝင်နေတဲ့ ဇာတ်ဝင်ခန်းတွေဟာ လုပ်ကြံဖန်တီးထားပြီး ဒါဟာ မြန်မာနောက်ဆုံးမင်းဆက် သီပေါမင်းရဲ့ အကြောင်းကို ရိုက်ကူးပုံဖော် စော်ကားမှုတခုဖြစ်တယ်ဆိုပြီး သူ့ရဲ့ ဆွေတော်မျိုးတော်တွေက ဒေါသထွက်နေကြပါတယ်။
သီပေါမင်းရဲ့ မြစ်တော်စပ်သူ ဦးစိုးဝင်းက ဒီရုပ်သံဇာတ်လမ်းတွဲကို ဖျက်သိမ်းပစ်ဖို့ သက်ဆိုင်ရာကို ပြောခဲ့ပေမယ့် ရုပ်သံထုတ်လုပ်သူတွေကတော့ ဒါဟာ စိတ်ကူးယဉ်သက်သက် ဖန်တီးမှုအပေါ် အခြေခံထားတာလို့ ပြောလိုက်တာပါ။
“ကျနော် ထိုင်းတွေကို မေးချင်ပါတယ်။ ကျနော်တို့ဆီက ထုတ်ဝေသူတယောက်ယောက်က သူတို့နိုင်ငံအကြောင်း ခုလိုလုပ်မယ်ဆိုရင် လက်ခံနိုင်မလားဆိုတာကို မေးချင်ပါတယ်” လို့ သူက ပြောလိုက်ပါတယ်။
ထိုင်းဘာသာစကားနဲ့ ပီလန်းဖရာနန် အမည်ရတဲ့ “A Lady’s Flames” ဇာတ်လမ်းတွဲဟာ စိတ်ကူးယဉ် နန်းတွင်းမင်းဆက်တခုအကြောင်းကို ရိုက်ကူးထားခဲ့တယ်ဆိုပေမယ့် ၁၉ ရာစု မြန်မာ့နောက်ဆုံးမင်းဆက်ရဲ့ နောက်ဆုံးဘုရင် သီပေါမင်းလက်ထက် သွေးထွက်သံယို နန်းတွင်း နိုင်ငံရေးအာဏာလုပွဲ ဖြစ်ရပ်တွေကိုယူပြီး အဆိုးမြင်သဘော ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။
အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာတော့ ဒီရုပ်သံဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ မြင့်တက်နေခဲ့ပါတယ်။
ရုပ်သံဇာတ်လမ်းထဲမှာ ကုန်းဘောင်ခေတ် နောက်ဆုံးပိုင်းကာလ နန်းတွင်းမှာ ဆင်ဖြူမရှင် တန်ခိုးထက်လာပြီး သီပေါမင်းသားကို ဘုရင်ဖြစ်စေရေးအတွက် မင်းညီမင်းသား ၁၀၀ နီးပါးကို သတ်ဖြတ်ခဲ့ပုံတွေနဲ့ ဘုရင့်မိသားစုဝင်တွေ အချင်းချင်း တယောက်နဲ့တယောက် ပါးရိုက်ကြတဲ့အခန်းတွေ ပါဝင်နေတဲ့အတွက် ဒါဟာ မြန်မာသမိုင်းဖြစ်ရပ်တွေနဲ့ တူညီနေပြီး အရိုင်းအစိုင်းတွေအဖြစ် ပုံဖော်ထားတာဖြစ်တယ်လို့ ဦးစိုးဝင်းက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။
“အိမ်နီးချင်းကောင်းတွေအဖြစ် ဆက်ဆံရေး ပိုပြီး တိုးတက်ကောင်းမွန်ဖို့” အတွက်  ဒီရုပ်သံဇာတ်လမ်းတွဲကို ဖျက်ပစ်လိုက်ဖို့ သူက ထိုင်းနိုင်ငံဘက်ကို တောင်းဆိုထားတာပါ။
ဒီဇာတ်လမ်းတွဲကို ထုတ်လွှင့်နေတဲ့ ထိုင်းနိုင်ငံ ချန်နယ်လ်ဆဲဗန်းရုပ်သံကတော့ “ဒါဟာ မြန်မာနိုင်ငံနဲ့ မပတ်သက်ဘဲ လုံးဝ စိတ်ကူးယဉ်သက်သက်သာဖြစ်ကြောင်း၊ ဇာတ်ဝင်ခန်းတွင်း အဝတ်အစားတွေနဲ့ အပြင်အဆင်တွေဟာလည်း ဘယ်နိုင်ငံ၊ ဘယ်ခေတ်တခုကိုမှ ရည်ညွှန်းတာမဟုတ်ကြောင်း” ထိုင်းအခြေစိုက် ခေါင်ဆွတ်သတင်းဌာနကို ပြောလိုက်ပါတယ်။
ချိုလေးအမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးကတော့ ဇာတ်လမ်းတွဲထဲက ပုံတွေကို အတွဲလိုက် တင်ခဲ့ပြီးနောက် ဒါဟာ “မြန်မာ့တော်ဝင်နန်းတွင်းရေးရာတွေကို သွားပုပ်လေလွင့် အသရေဖျက်မှုတခုသာဖြစ်တယ်” လို့ ပြောခဲ့တာကို တွေ့ရပါတယ်။
ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ ဆယ်စုနှစ်ပေါင်းများစွာကတည်းက တနိုင်ငံနဲ့ တနိုင်ငံ တိုက်ခိုက်လာခဲ့ကြတာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ သမိုင်းဖြစ်ရပ်မှီး ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲမှာ မြန်မာတွေကို ကောက်ကျစ်စဉ်းလဲတဲ့ ဗီလိန်တွေအဖြစ်သာ အသုံးပြုလေ့ ရှိခဲ့တာပါ။

No comments:

Powered by Blogger.