Header Ads

Breaking News
recent

မန်းရွှေစက်တော်ဘုရားပွဲတွင် အရက်၊ ဘီယာ ရောင်းချသည့်ဆိုင်များကို ဂေါပအဖွဲ့ အရေးယူ




၂၀၁၇ ခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်အတွင်းမှာ အရက်၊ ဘီယာတွေ ရောင်းချနေတဲ့ ဈေးဆိုင်တွေကို စစ်ဆေးအရေးယူနေတယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။
ဘုရားပွဲတော်မှာ မှုခင်းကြိုတင်ကာကွယ်တားဆီးရေး လုပ်နိုင်ဖို့ အရက်၊ ဘီယာ၊ ထန်းရည်၊ စိမ်ရည်၊ ကဇော်၊ ရမ်၊ ဝီစကီနဲ့ မူးယစ်ဆေးဝါးတွေကို ဘုရားပွဲတော်တွင်း ယူဆောင်လာတာ၊ ရောင်းချတာနဲ့ သုံးစွဲတာတွေမပြုဖို့ ဘုရားပွဲတော် နေရာအနှံ့မှာ တရားဝင် တားမြစ်ထားတာလည်း ရှိပါတယ်။
မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာ တာဝန်ရှိတဲ့ ဂေါပကအဖွဲ့က ဘုရားပွဲတော်အတွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ စောရတနာ စားသောက်ဆိုင်၊ ဘွိုင်း စားသောက်ဆိုင်တွေကနေ မြန်မာဘီယာပုလင်း၊ မြန်မာဘီယာသံဘူး၊ Royal Club ဝီစကီ အရက်ပုလင်းပြား၊ ဒဂုံဘီယာပုလင်း၊ ဒဂုံဘီယာ သံဘူးတို၊ ရှည်နဲ့ အရက်ဖြူပုလင်းတွေကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ မန်းရွှေစက်တော်ဘုရား ဂေါပက ဥက္ကဋ္ဌက ပြောပါတယ်။

No comments:

Powered by Blogger.