ဆီးရီးယား ပါမစ်ရာမြို့အနီးရှိ ဓာတ်အားပေးစက်ရုံကို စစ်တပ်က ထိန်းချုပ်ထားသည့်ရုပ်သံ ဖြန့်ချိ
ဆီးရီးယားနိုင်ငံ ပါမစ်ရာမြို့နားက လျှပ်စစ်ဓာတ်အားပေးစက်ရုံကို အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ တိုက်ပွဲအပြီး စစ်တပ်က ထိန်းချုပ်ထားပုံ ရုပ်သံကို ဆီးရီးယားစစ်တပ်က မတ်လ ၁၃ ရက်နေ့မှာ ဖြန့်ချိလိုက်ပါတယ်။
တိုက်ပွဲအတိုင်း အိုင်အက်စ်တွေ အသတ်ခံရတယ်၊ ပါမစ်ရာမြို့ တောင်ပိုင်း ဆတ်ဘ်ခါ အယ်လ် မော်ဟာ ဒေသကို ဆီးရီးယားစစ်တပ်က ပြန်သိမ်းလိုက်တယ်လို့ ဆီးရီးယား အာရပ် သတင်းဌာန စာနာက အစီရင်ခံပါတယ်။
စစ်ဆင်ရေးအတွင်း မြေမြှုပ်မိုင်းတွေကိုလည်း ရှင်းလင်းနေပြီး ပါမစ်ရာမြို့ ဝန်းကျင်ဒေသကို ထိန်းချုပ်ရေး အစိတ်အပိုင်းလည်း ဖြစ်တယ်လို့ စာနာက အစီရင်ခံပါတယ်။
ရုရှားလေကြောင်းစစ်ကူကို အကြီးအကျယ်ရထားတဲ့ ဆီးရီးယားစစ်တပ်နဲ့ မဟာမိတ် ပြည်သူ့စစ်တွေဟာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်ဒေသက ဘာသာရေး စစ်ဝါဒီတွေကို မတ်လ ၂ ရက်နေ့က မောင်းထုတ်ခဲ့တာပါ။
ဒါဟာ ဆီးရီးယား ပြည်တွင်းစစ် ၆ နှစ်ကာလအတွင်း စစ်သွေးကြွတွေလက်ထဲကနေ ပါမစ်ရာမြို့ကို ဒုတိယအကြိမ် ပြန်သိမ်းပိုက်တာလည်း ဖြစ်ပါတယ်။
ကန္တာရပုလဲလို့ လူသိများတဲ့ ပါမစ်ရာမြို့ဟာ ဒမတ်စကတ်မြို့ အရှေ့မြောက်ပိုင်းမှာရှိပြီး ရှေးဟောင်း ပိုးလမ်း ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ချမ်းသာတဲ့မြို့ပါ။
စစ်သွေးကြွတွေဟာ သူတို့ရဲ့ တင်းကျပ်တဲ့ အစ္စလာမ်ဘာသာရေးနဲ့ မကိုက်ညီဘူးလို့ ပြောရင်း အီရတ်နဲ့ ဆီးရီးယားက ရှေးဟောင်း အဆောက်အဦတွေကို ညက်ညက်ကြေ ဖျက်ဆီးခဲ့ပါတယ်။
No comments: