Header Ads

Breaking News
recent

အိမ်တွင်း အကြမ်းဖက် ခံ သီရိအောင်တင် က ပေး တဲ့ သင်ခန်းစာ ..!




ညီမလိုပဲ ခံစားနေရတဲ့လူတွေ အများကြီးရှိမှာပဲ။ အဲဒီအ တွက် နောက် ညီမငယ်တွေညီမလို မဖြစ်ရအောင် အဆုံးအထိ အမှု ကို ရင်ဆိုင်သွားမယ်”
မသီရိအောင်တင်က ကျလာ သောမျက်ရည်စကိုသုတ်၍ ယင်းသို့သန္နိဋ္ဌာန်ချထားကြောင်း ပြောသလို သူ၏မိခင် ဒေါ်သန်းသန်းဝင်းကလည်း သမီးငယ် ကြုံတွေ့ခံစားခဲ့ရသည်များကို တခြား သောသမီးငယ်များ သင်ခန်းစာရရှိအောင် ပုတ်ခတ်ဝေဖန်မှုများကို ကြံ့ကြံ့ခံ၍ နောက် ဆုံးအခြေအနေအထိ ဆောင်ရွက်သွား မည်ဟု ပြောသည်။

    ”ဥပဒေအတိုင်း ရှုံးရှုံး နိုင်နိုင် နောက်သမီးငယ်တွေလဲ ဒီလိုမကြုံရအောင်၊ သင်ခန်းစာလဲရအောင်၊ အခုဆို ဒီလိုပုတ် ခတ်ဝေဖန်တာတွေကို အများကြီးခံနေ ရပေမယ့် ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားပြီး တော့ ကျွန်မတို့ကတော့ ဆက်ပြီးဆောင် ရွက်သွားမယ်”
ထိုစကားသံ များကတော့ လွန် ခဲ့သောသုံးနှစ်ကျော် က ရည်းစားဖြစ်သူ နှင့် ခိုးရာလိုက်ပြေးခဲ့ရာက နေအိမ် တစ် အိမ်ပြီးတစ်အိမ် ပြောင်းလဲ ၍ နှစ်နှစ်နှင့် ရှစ်လ အိမ်ထဲ တွင် သော့ခတ် ပိတ်လှောင် ပေါင်းသင်း ကာ နောက်ဆုံး၌ လက်ထပ် ရန် ငြင်းဆန်ခြင်း ခံရသော မသီရိအောင်တင်နှင့် သူ၏မိခင်တို့က ပြောဆိုခြင်း ဖြစ်သည်။

ထိုအချိန်က ၂ဝ၁၄ ခုနှစ် ဇွန် လထဲတွင် ၁၈ နှစ်အရွယ် မသီရိအောင် တင်က ¤င်း၏ရည်းစားဖြစ်သူ ကိုအောင် ထွန်းဟိန်း(ခ)ရှို့တီ ၂၄ နှစ်နှင့် ခိုးရာလိုက် ပြေးခဲ့ရာက အိမ်ထဲသော့ခတ်ကာ ပိတ် လှောင်ပေါင်းသင်းခြင်းခံခဲ့ရသည်ဟု မသီရိ အောင်တင်က သူကြုံတွေ့ရမှုများကို ပြောသည်။ သူ့ကို ကတိတွေ အထပ်ထပ်ပေး ကာ လက်ထပ်မည်ဟုလည်း ယုံကြည် အောင် ပြောခဲ့ကြောင်း၊ အစာရေစာလည်း လုံလောက်အောင် မစားခဲ့ရပါဟု သူက ပြောသည်။

ဤသို့ဖြင့် နောက်ဆုံးတွင် ၄င်း ၏ရည်းစားက တရားဝင် မယူနိုင်ဟု ပြောဆိုပြီး တခြားအမျိုးသမီးနှင့်လည်း ချစ်ကြိုက်နေကြောင်း၊ ၄င်းအားလည်း ထွက်သွားခွင့်မပေးဘဲ အိမ်ထဲတွင် သော့ခတ်ထားခဲ့ရာက သူ သော့မေ့ကျန်ခဲ့သော အချိန်၌ ယခုလိုလွတ်မြောက်လာခဲ့ခြင်း ဖြစ်ကြောင်း မသီရိအောင်တင်က ပြောသည်။

ယခုအချိန်တွင်တော့ ပြစ်မှုများကို ကျူးလွန်သည်ဟု စွပ်စွဲခံရသော အောင်ထွန်းဟိန်းကို အစပိုင်းတွင် ပုဒ်မ နှစ်ခုဖြင့် အမှုဖွင့်ခဲ့သော်လည်း နောက်ပိုင်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၁၇(လိမ်လည်မှု)ဖြင့်သာ ကျူးလွန်မှုမြောက်သည်ဟု ဆုံးဖြတ်၍ ခရိုင်တရားရုံး ဥပဒေအကြံ ပေးက အာမခံပေးခဲ့သည်။ အောင်ထွန်းဟိန်းကို ဖေဖော်ဝါရီ ၂ဝ ရက်က ဗဟန်း ရဲစခန်းက ၁ဝ ရက် (သို့) ၁ဝ ရက်ထက် ပိုသော ချုပ်နှောင်ထားမှုများအတွက် ပုဒ်မ ၃၄၄၊ သွေးဆောင်ခေါ်ယူမှု (သို့) မိန်းမခိုးယူမှုအတွက် ပုဒ်မ ၃၆၆ တို့ဖြင့် ဖမ်းဆီးထိန်းသိမ်းကာ အမှုဖွင့်စစ်ဆေးခဲ့ သော်လည်း လိမ်လည်မှုသာမြောက်သည် ဟု ခရိုင်ဥပဒေအကြံပေးက ပြောင်းလဲ ဆုံးဖြတ်လိုက်ပြီးနောက် အောင်ထွန်း ဟိန်းမှာ မတ် ၁ဝ ရက်တွင် အာမခံဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။


”ညီမကို အလိုတူ၊ အလိုပါ လိုက်သွားတဲ့အတွက် နောက်ပုဒ်မက အမှု မမြောက်ဘူးဆိုပြီး ပယ်ချလိုက်တာ။ အခု က နောက်ပိုင်း ချုပ်နှောင်ခံရတာတွေကို လျစ်လျူရှုလိုက်တဲ့သဘောပါ။ စိတ်ထဲမှာ တော့ ဝမ်းလဲဝမ်းနည်းတယ်”ဟု ကျလာ သောမျက်ရည်စအချို့ကို မသီရိအောင် တင်က လက်ဖြင့်သုတ်ပြီး ”ဒီလိုလုပ်တာ ကိုလဲ စိတ်ထဲမှာ မကျေမနပ်တော့ ဖြစ်မိ တာပေါ့။ ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး။ ညီမ ကတော့ ပြောထားတဲ့အတိုင်း အဆုံးထိပဲ သွားမယ်”ဟု ကျူးလွန်သူကို ဥပဒေကြောင်း အရ အရေးယူနိုင်ရေး ဆက်လက်ဆောင် ရွက်မည့်အကြောင်းကို ပြောသည်။

ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲ ခံထားရသူကို မြို့နယ်တရားရုံးက မဆုံး ဖြတ်ဘဲ ခရိုင်တရားရုံးက ဆုံးဖြတ်ပြီး နောက် အာမခံဖြင့် လွတ်မြောက်နေမှုမှာ စိတ်မကောင်းဖြစ်မိကြောင်း၊ တာဝန်ရှိသူ တွေက တစ်ဖက်သက်သေအပေါ်ကိုပဲ ဂရုစိုက်လွန်းသည်ဟု အောက်မေ့ကြောင်း၊ အခုက နား၊ မျက်စိ နှစ်လုံး၊ နှစ်ဖက် ရှိပါလျက်ဖြင့် တစ်ဖက် အကြား၊ အမြင် နှင့်သာ ဆုံးဖြတ်သည်ဟု မိခင်ဒေါ်သန်း သန်းဝင်းက သတ်မှတ်ကြောင်း ပြောသည်။

”ဥပဒေပိုင်းအရ ဆုံးဖြတ်လိုက် တာက ကိုယ့်ကလေး လိုက်သွားတယ် ဆိုတဲ့ပုံစံမျိုးနဲ့ ၄၁၇ ကို ပြောင်းလိုက်တာ။ အိမ်တစ်အိမ်ပြီးတစ်အိမ်မှာ ပြောင်းလဲ ချုပ်နှောင်ခံထားရတာပါ။ နောက်ဆုံးမှ ကလေး(သမီး)နဲ့ ရန်ဖြစ်ပြီးမှ သော့ကျန် ခဲ့လို့ ထွက်ပြေးနိုင်တာ”ဟု ၄င်းက ပြော သည်။

ဗဟန်းရဲစခန်းမှ ရဲအရာရှိ တစ်ဦးကတော့ ကျူးလွန်သူကို ယခုလို အာမခံဖြင့် ပြန်လည်လွတ်မြောက်သွား ခြင်းမှာ ခရိုင်တရားရုံးက ဥပဒေအကြံပေး ချက်အတိုင်း ဆောင်ရွက်ခြင်းဖြစ်ပြီး မသီရိ အောင်တင်အနေဖြင့် ထိုပုဒ်မဖြင့် တရား စွဲလိုပါက ကူညီပေးမည်ဟုလည်း ပြော ဆိုထားကြောင်း ပြောသည်။
လူတွေအားလုံးက ရုပ်ပိုင်း ဆိုင်ရာကို ထိခိုက်မှ အကြမ်းဖက်တာလို့ သတ်မှတ်နေကြပြီး ယခုမှာက စိတ်ကို လုံးဝကျသွားအောင် ပုံစံအမျိုးမျိုးဖြင့် နှိပ် စက်ခြင်းဟု မသီရိအောင်တင်က နှစ်ချီ အိမ်ထဲတွင် ပိတ်လှောင်ပေါင်းသင်းခံရမှု များကို ပြောသည်။

သည်အမှုတွင် ပြစ်မှုကျူးလွန် သူမှာ အာမခံရထားပြီး လိမ်လည်မှုဖြင့်သာ အမှုဖွင့်ခံရသောကြောင့် မသီရိအောင်တင်ကို ကူညီပေးမည့် ဥပဒေအဖွဲ့တစ်ခုကတော့ တရားရုံးသို့ တိုက်ရိုက်ဦးတိုက် လျှောက်ပြီး မသီရိအောင်တင် ခံခဲ့ရသည့် အတိုင်းအတာပေါ် မူတည်ကာ တရား ထပ်မံစွဲဆိုနိုင်ရေး ပြင်ဆင်နေသည်ဟု ပြောသည်။

”ဦးတိုက်လျှောက်မှာက သူ့ကို မတရားချုပ်နှောင်ထားတာရယ်၊ ကာမ ကို လိမ်လည်ယူတာရယ်၊ လက်ထပ်မယ် ပြောပြီး လက်မထပ်ဘူး ငြင်းတယ်။ အဲဒီ ပုဒ်မတွေနဲ့ တပ်နိုင်အောင် ဦးတိုက်လျှောက် ဖို့ပါ”ဟု ဥပဒေရေးရာ ကုစားရေးအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်လှရီက ပြောသည်။
ယင်းတို့ ဦးတိုက်လျှောက်ပြီး သောအခါတွင်လည်း တရားရုံးက မည် ကဲ့သို့ပုဒ်မနှင့် မည်ကဲ့သို့ ဆက်ပြီးဆောင် ရွက်မည်ကို စောင့်ကြည့်ဦးမည်ဖြစ်ပြီး မရပါက တခြားနည်းလမ်းဖြင့် ဆောင်ရွက် နိုင်ရေး ကြိုးစားမည်ဟု ¤င်းက ပြောသည်။

ပြစ်မှုကျူးလွန်သူကို စွပ်စွဲထား သော ရာဇသတ်ကြီးပုဒ်မ ၄၁၇ လိမ်လည် မှုပြစ်ဒဏ်အတွက် မူလပြဋ္ဌာန်းထားမှုတွင် ထောင်ဒဏ် တစ်နှစ်နှင့် ငွေဒဏ် ချမှတ် နိုင်သည်ဟု သတ်မှတ်ထားသော်လည်း အသစ်ပြန်လည်ပြင်ဆင်ထားသော ရာဇ သတ်ကြီးပုဒ်မဥပဒေတွင် ထောင်ဒဏ် ကို သုံးနှစ်သာချမှတ်နိုင်ကြောင်း ဥပဒေ အကြံပေးများက ပြောသည်။

လိမ်လည်မှုပုဒ်မဖြင့် အာမခံ ရရှိသွားသော သံသယရှိသူ တရားခံမှာ ထွက်ပြေးတိမ်းရှောင်သွားမည်ကိုလည်း စိုးရိမ်မိကြောင်း၊ တိမ်းရှောင်သွားပါက မည်သူမျှ တာဝန်ခံမည်မဟုတ်ကြောင်း၊ မသီရိအောင်တင်၏အမှုကို ဥပဒေလမ်း ကြောင်းအရ နှစ်မျိုးသွား၍လည်းရကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ အမျိုးသမီးနှင့် ကလေး သူငယ်ဌာနမှ ဥပဒေအကြံပေး ဒေါ်သဉ္ဇာ ဦးက ပြောသည်။

တစ်မျိုးမှာ တရားရုံးသို့ ပြစ်မှု များနှင့် ဦးတိုက်လျှောက်သွားမည်ဖြစ်ပြီး ယင်းသို့သွားပါက ကျူးလွန်သူကို ပြစ်ဒဏ် ကျခံနိုင်ရေးကို ဆောင်ရွက်နိုင်ကြောင်း၊ နောက်တစ်မျိုးမှာ သီရိအောင်တင်တွင်  နစ်နာမှုများ အများကြီး ရှိခဲ့သည့်အတွက် နစ်နာမှုတစ်ခုချင်းစီကို တရားမကြောင်းအရလည်း အမှုများကို ရင်ဆိုင်သွားနိုင်ရေး ဆောင်ရွက်လိုကြောင်း ယင်းအမှုကို ဥပဒေအရ ပူးပေါင်းဆောင် ရွက်သွားမည့် ဒေါ်သဉ္ဇာဦးက ပြောသည်။

ထို့အပြင် အိမ်ထဲတွင် လချီ၍ ပိတ်လှောင်ခံထားရသော မသီရိအောင် တင်အနေဖြင့် ထွက်ပြေးလွတ်မြောက်နိုင် ရေးနှင့်ပတ်သက်၍ အနီးအိမ်များသို့ အော်လိုက်ပါလား၊ အကူအညီတောင်း ပါလား၊ ထွက်ပြေးလိုက်ပါလား စသည့် ဖြင့် ဝေဖန်မှုများရှိခဲ့သည်။

”ဒါက ကိုယ်တိုင်ကြုံမှ ခံစား တတ်မှာလေ။ ဒီလိုပြောရဲဆိုရဲတဲ့သတ္တိက အမျိုးသမီးအများစုတွင် မရှိဘူးထင်ပါ တယ်။ ညီမလဲ ဒီလိုဖြစ်ခဲ့လို့ ယခုလိုကြုံ တွေ့ခဲ့ရတယ်။ အမျိုးသမီးတွေကို ပြော ချင်တာက ညီမလိုမဖြစ်အောင် ပိုပြီးတော့ ရဲရင့်ကြပါ”ဟု မသီရိအောင်တင်က ဆို ပါသည်။

အမျိုးသမီးရေး လှုပ်ရှားနေ သော အရပ်ဘက်အဖွဲ့အစည်းများနှင့် ဥပဒေအရ ကူညီနေသောအဖွဲ့အစည်းများက အမျိုးသမီးများအနေဖြင့် အိမ်တွင်းအကြမ်းဖက်ခံရမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရပါက နီးစပ်ရာရဲစခန်းဖြစ်စေ၊ ယင်းအဖွဲ့အစည်းများသို့ဖြစ်စေ၊ ထုတ်ပြန် ထားသောဖုန်းနံပါတ်များသို့ဖြစ်စေ အကူ အညီများ တောင်းနိုင်ကြောင်း ဆိုသည်။

”ညီမတို့ကို ကူညီမယ့်အဖွဲ့ အစည်းတွေ ရှိတယ်ဆိုတာ အခုတော့ သိပါပြီ။ ညီမလိုပဲ ခံစားနေရတဲ့ အမျိုး သမီးတွေ ရှိမှာပဲ။ ညီမလိုပဲ အမျိုးသမီး တွေအပေါ်မှာ နိုင်လိုမင်းထက်အပြုအမူ တွေ ခံနေရရင် ရဲရင့်ကြဖို့ ပြောချင်ပါ တယ်”ဟု မသီရိအောင်တင်က သူ၏အတွေ့အကြုံကို အရင်းအနှီးပြု၍ ပြော ကြားလိုက်သည်။

No comments:

Powered by Blogger.