ဖျားနာနေသည့် ကလေးငယ်များကို ပုံပြင်ဖတ်ပြခဲ့သည့် ထရမ့်ကတော် မယ်လ်နီယာ
မရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော် မယ်လ်နီယာဟာ ဖျားနာနေတဲ့ ကလေးငယ်တွေကို ပုံပြင်ဖတ်ပြခဲ့ပါတယ်။
သူဟာ ကမ္ဘာ့စာအုပ်နေ့ အထိမ်းအမှတ်အဖြစ် ဖျားနာနေတဲ့ ကလေးငယ်တွေကို ပုံပြင်တွေ၊ စာအုပ်တွေ ဖတ်ပြဖို့ နယူးယောက်မြို့ကို သွားရောက်လည်ပတ်ခဲ့တာပါ။
ဒီခရီးစဉ်မှာ သူဟာ Dr Seuss ရေးတဲ့ Oh, The Places You’ll Go! ဆိုတဲ့ စာအုပ်ကို ယူလာခဲ့ပြီး ဖတ်ပြခဲ့ကာ ဒါဟာ သူ့ရဲ့ အနှစ်သက်ဆုံး စာအုပ်တွေထဲက တအုပ်ဖြစ်တယ်လို့ ပြောပါတယ်။
မယ်လ်နီယာဟာ ဆေးရုံတက်ရောက်ကုသခံနေကြတဲ့ လူနာကလေးငယ်တွေကို တွေ့ဆုံပြီး အားပေးစကားပြောခဲ့တာကိုလည်း တွေ့ရပါတယ်။
ဒါဟာ အမေရိကန်သမ္မတကတော် သက်တမ်းကာလအတွင်း သူ့ရဲ့ ပထမဆုံး လူမှုရေးလှုပ်ရှားမှုတခုဖြစ်တယ်လို့ ဆိုပါတယ်။
No comments: