ကင်ဂျုံနမ် အသတ်ခံရမှု သံသယဖြင့် ဖမ်းဆီးထားသည့် မြောက်ကိုရီးယားနိုင်ငံသားကို ပြန်လွှတ်
ကင်ဂျုံနမ်အသတ်ခံရမှုနဲ့ ဖမ်းဆီးထားတဲ့ မြောက်ကိုရီးယားနိုင်ငံသားကို သက်သေမခိုင်လုံတဲ့အတွက် မတ်လ ၃ ရက်နေ့မှာ မလေးရှားရဲတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်ပါတယ်။
လီဂျောင်ချူလို့ အမည်ရတဲ့ အဲဒီလူကို ပြည်နှင်ဒဏ်ပေးဖို့အတွက် လူဝင်မှုကြီးကြပ်ရေးရုံးကို ခေါ်ဆောင်သွားဖွယ်ရှိတယ်လို့ မလေးရှားတာဝန်ရှိသူတွေက ပြောပါတယ်။
သူနဲ့အတူ ဖမ်းဆီးထားတဲ့ ဗီယက်နမ်အမျိုးသမီးနဲ့ အင်ဒိုနီးရှား အမျိုးသမီးကိုတော့ လူသတ်မှုနဲ့ စွဲချက်တင်ထားပါတယ်။
ဒါ့အပြင် လူသတ်မှုနဲ့ ပတ်သက်နေတဲ့ တခြား မြောက်ကိုရီးယားနိုင်ငံသား ၇ ဦးကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေနေတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
No comments: