Header Ads

Breaking News
recent

ပင့်ကူနီတကောင်၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် မြွေ



အဆိပ်ပြင်းတဲ့ တိရစ္ဆာန်ချင်း ရင်ဆိုင်တွေ့ကြချိန်မှာ ဘယ်သူက အနိုင်တိုက်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဆိပ်ပြင်းမြွေတကောင်နဲ့ ပင့်ကူနီတကောင်ရဲ့ အားပြိုင် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြတာတွေကို တွေ့ရမှာပါ။
တကယ်တမ်းတော့ မြွေတကောင်နဲ့ ပင့်ကူတကောင်ဟာ သဘာဝအရ ရင်ဆိုင်တွေ့ဖို့ဆိုတာ ဖြစ်တောင့်ဖြစ်ခဲပါ။
ခုလို ရင်ဆိုင်ရချိန်မှာတော့ လျင်မြန်ပြီး သားကောင်တွေကို အဆိပ်နဲ့ တုံ့ပြန်တိုက်ခိုက်တတ်တဲ့ မြွေဟာ ပင့်ကူရဲ့ပိုင်နက်တွင်းမှာ မရှုမလှ သေဆုံးခဲ့ရတာကို တွေ့ရပါတယ်။
အညိုရောင်မြွေဟာ ပင့်ကူမျှင်တွေကြားမှာ ငြိနေခဲ့ပြီး ဘယ်လိုမှ ရုန်းမထွက်နိုင်အောင် ရှိနေခဲ့တာပါ။
ပင့်ကူတွေရဲ့ အားသာချက်ကတော့ ခန္ဓာကိုယ်တွင်းမှ အစေးတွေကို ထုတ်လွှတ်နိုင်ပြီး ပင့်ကူအိမ်သဖွယ် ကပ်ငြိလာတဲ့ ရန်သူကို မရုန်းနိုင်အောင် ရှိနေစေကာ တိုက်ခိုက်နိုင်တာပါပဲ။
မြွေဟာ ပင့်ကူမျှင်တွေကြားက ရုန်းထွက်ဖို့ ကြိုးစားခဲ့ပြီးနောက် အချိန်တော်တော် အကြာမှာတော့ မရုန်းနိုင်တော့ဘဲ အရှုံးပေးလိုက်ရတာကို တွေ့ရပါတယ်။

No comments:

Powered by Blogger.