Header Ads

Breaking News
recent

ကော့သောင်း-ဘုတ်ပြင်းကားလမ်းတွင် ဇာတ်ပွဲသဘင်ကားတိမ်းမှောက်၊ ၁ ဦးသေဆုံး



တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်ခွဲ၊ ကရသူရိမြို့၊ ကော့သောင်း-ဘုတ်ပြင်းကားလမ်း မိုင်တိုင်အမှတ် ၁၈၃/၆ နဲ့ ၁၈၃/၇ အကြားမှာ မတ် ၁၅ ရက်ညနေက  စိုးမိုးအောင်ဇာတ်ပွဲသဘင်ကား တိမ်းမှောက်ခဲ့ပြီး တဦး သေဆုံးခဲ့ပါတယ်။
ယာဉ်မောင်းဖိုးလုံးမောင်းနှင်းလာတဲ့ Hino(9A-6381)ကား က ခမောက်ကြီးမြို့အေးချမ်းသာကျေးရွာကနေ မောတောင်ကို သွားရောက်ကပြဖို့ ထွက်လာရာ ကရသူရိမြို့ ဦးပါကုန်းဆင်းအကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။
ယာဉ်ပေါ်လိုက်ပါလာသူ ၃၉ ဦးအနက်မှ ဦးထွန်းမြင့်စံ အသက် ၃၆ နှစ်မှာ လည်ပင်၊ ဦးခေါင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး ၁၉ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ထွက်ပြေးတိမ်းရှောင်နေတဲ့  ယာင်မောင်း ဖိုးလုံးကို ယာဉ်မဆင်မခြင်မောင်းမှုနဲ့ အရေးယူနိုင်ဖို့ ဘုတ်ပြင်းမြို့နယ်ရဲစခန်းက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

No comments:

Powered by Blogger.