Header Ads

Breaking News
recent

စိတ်ဖိစီးမှုကို လျော့ချပေးနိုင်သော နွားတွေနဲ့ပွေ့ဖက်ရတဲ့ကုထုံးတစ်မျိုး





တစ်နေ့တာ လုပ်ငန်းဆောင်တာများနဲ့ လှုပ်ရှားရုန်းကန်နေရလို့ စိတ်ဖီစီးမှုတွေ တအားပြည့်နက်နေပြီဆိုရင် သင်ဘယ်လိုစိတ်ထွက်ပေါက်ရှာမလဲ။ တကယ်လို့ စိတ်ဖိစီးမှုအတွက် ဘယ်လိုဖြေဖျောက်ရမလဲ မသိဘူးဆိုရင်တော့ သင့်ကိုအကြံလေးတစ်ခုပေးချင်ပါတယ်။ နွားတွေနဲ့ ခဏတာလောက် ပွေ့ဖက်ကြည့်လိုက်ပါ။

 Sibylle Zwygart ဆိုတဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးဟာ ဆွတ်ဇာလန်နိုင်ငံမှာ နေထိုင်ကြတဲ့ လယ်သမားမိသားစုဝင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူတို့မိသားစုဟာ စိုက်ပျိုးရေးကိုရော မွေးမြူရေးကိုရော လုပ်ကိုင်ကြပြီး အသက်မွေးကြသူတွေပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်လောက်က Sibylle တို့ဆီမှာ နွားမကြီးသားပေါက်ခဲ့ရာ နွားလေးသုံးကောင်ကို ရရှိပိုင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ သူတို့ရရှိခဲ့တဲ့ နွားသုံးကောင်ထဲမှာ အမနှစ်ကောင်က မျိုးမပွားနိုင်တဲ့ လက္ခဏဖြစ်နေပြီး နောက်တစ်ကောင်မှာလည်း နွားထီးလေးသာဖြစ်လို့နေပါတယ်။

 Sibylle တို့မိသားစုက မျိုးပွားလို့ရတဲ့ နွားမတွေနဲ့ နို့ညစ်လို့ရတဲ့ နွားမတွေကိုသာ မွေးမြူလေ့ရှိတာကြောင့် ဒီနွားပေါက်လေးသုံးကောင်ဟာ သူတို့မိသားစုအတွက် အသုံးမဝင်ပဲဖြစ်နေပါတယ်။ ဒါကြောင့် Sibylle ရဲ့ ဖခင်ဟာ နွားပေါက်လေးသုံးကောင်ကို ပြန်လည်ရောင်းချဖို့ စီစဉ်ပါတော့တယ်။ ဒီအချိန်မှာ Sibylle ဟာ သူ့အဖေရဲ့ဆုံးဖြတ်ချက်အပေါ် လက်မခံပဲ နွားပေါက်လေးသုံးကောင်ကို အခြားနေရာတစ်ခုမှာ အသုံးချသွားဖို့ ပြောင်းလဲစီစဉ်လိုက်ပါတယ်။ Sibylle ဟာ ကလေးသူငယ်လေးတွေကို နွားတွေနဲ့ နီးကပ်စွာ ထိတွေ့နိုင်ဖို့ရယ် နွားတွေအကြောင်းကို အကောင်းဆုံးလေ့လာနိုင်ဖို့ရယ်အတွက် ပန်းခြံအသေးလေးစားလုပ်ပြီး နွားပေါက်လေးသုံးကောင်ကိုလည်း ဒီပန်းခြံလေးထဲမှာ မွေးမြူပေးထားလိုက်ပါတယ်။

 နောက်ပိုင်းမှာတော့ Sibylle ဟာ နွားတွေနဲ့ပွေ့ဖက်တဲ့ ကုထုံးတစ်ခုအကြောင်းကို စာအုပ်တစ်အုပ်မှာ ဖတ်မိသွားပြီး သူရဲ့နွားပေါက်လေးသုံးကောင်ကို အကောင်းဆုံးအသုံးချဖို့အတွက် စိတ်ကူးရသွားခဲ့ပါတယ်။ ဒီလိုနဲ့ Sibylle ဟာ သူ့နွားလေးတွေကို အကောင်းဆုံးသင်ကြားပေးရင်းနဲ့ နောက်ဆုံးမှာတော့ နွားတွေနဲ့ပွေ့ဖက်တဲ့ကုထုံးနေရာတစ်ခုအဖြစ် ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီကုထုံးဟာ လူတစ်ယောက်ရဲ့စိတ်ကို တည်ငြိမ်သွားစေနိုင်ပြီး စိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်ပါတယ်။ ကုထုံးကို အသုံးပြုချင်သူများဟာ ပထမဦးဆုံးအနေနဲ့ နွားတွေကိုပွေ့ဖက်ဖို့အတွက် နည်းလမ်းတွေကို နားထောင်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ နွားတွေကို ဖွဖွလေးပွတ်သပ်ပေးရင်းနဲ့ သူတို့နဲ့ ရင်းနှီးအောင် လုပ်ရမှာဖြစ်ပါတယ်။ ရင်းနှီးသွားပြီဆိုရင်တော့ အလွယ်တကူပဲ ပွေ့ဖက်လို့ရပြီပဲဖြစ်ပါတယ်ခင်ဗျာ။

No comments:

Powered by Blogger.