Header Ads

Breaking News
recent

မရမ်းကုန်းမြို့နယ်တွင် အ၀တ်ဗလာကျင်းလျက် လမ်းလျောက်နေတဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးအရေးယူ



၃၁.၃.၂၀၁၇ ရက်နေ့ ၂၂၁၀ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်၊ ပြည်လမ်း၊ (၉)မိုင်တွင် အ၀တ်ဗလာကျင်းလျက် အမျိုးသမီးတစ်ဦးလျောက်သွားနေပြီး အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်အောင်ပြုလုပ်နေကြောင်း သိရှိရပါသည်။


တာဝန်သိပြည်သူတစ်ဦး၏ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးတွင် ဖွင့်လှစ်ထားသော 199 Call Centerသို့ သတင်းပေးပို့ချက်အရ မရမ်းကုန်းမြို့မရဲစခန်းမှ အမျိုးသမီးရဲ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သောအဖွဲ့မှ သတင်းအတည်ပြုဆောင်ရွက်ခဲ့ရာ အဆိုပါနေရာအနီး (၈)မိုင်ခွဲကားမှတ်တိုင်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)နေ မ-----၊ အသက်(၂၆)နှစ်ဖြစ်ပြီး အ၀တ်ဗလာဖြင့်တွေရှိရကာ ၎င်းအားတပ်ဖွဲ့ဝင်များက အ၀တ်များလုံခြုံစွာဝတ်ဆင်စေလျက် ရဲစခန်းသို့ခေါ်ဆောင်ထိန်းသိမ်းလာခဲ့ပါသည်။


ဖြစ်စဉ်မှ အမျိုးသမီးအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Powered by Blogger.