Header Ads

Breaking News
recent

အချိန်မဟုတ်မိုးကြောင့် တောင်သာနယ်က မျိုးခံကြက်သွန်အထွက် လျော့ကျနိုင်




မြန်မာပြည်အလယ်ပိုင်း မြင်းခြံ၊ တောင်သာနယ် ဒေသတဝိုက်မှာ မတ်လ ၁၂ ရက်နေ့က အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တာကြောင့် မိုးရာသီ စိုက်ပျိုးဖို့ မျိုးခံထားတဲ့ ကြက်သွန်နီခင်းတွေ မိုးမိခဲ့ပါတယ်။
ဒါကြောင့် မျိုးတဝက်လောက် ဆုံရှုံးနိုင်တယ်လို့ ကြက်သွန်စိုက်တောင်သူတဦးဖြစ်တဲ့ ကြာပို့ရွာက ကိုဝင်းကိုက ဒီဗွီဘီကို ပြောပါတယ်။
ပုံမှန်ဆိုရင် ၁ ဧကကို ၁၀ တင်းလောက်ထွက်လေ့ရှိတာဖြစ်ပြီး မျိုးစေ့ ၁ တင်းကို ပြီးခဲ့တဲ့ စိုက်ပျိုးရာသီမှာ ၄ သိန်း ၈ သောင်း ရှိခဲ့ပါတယ်။

No comments:

Powered by Blogger.