Header Ads

Breaking News
recent

အသင်းသားများသည် စက်ရုပ်မဟုတ်ဟု ဘာစီလိုနာနောက်ခံလူ ပီကေး ပြော




ဘာစီလိုနာအသင်း နောက်ခံလူ ဂျရတ် ပီကေးက အသင်းသားတွေဟာ စက်ရုပ်တွေမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
မတ် ၁၂ ရက် ညက ယှဉ်ပြိုင်တဲ့ ဒီပို့တီဗိုအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ရှုံးတဲ့ စပိန်လာလီဂါပွဲစဉ် အပြီးမှာ ပြောဆိုလိုက်တာပါ။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့က ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ်မှာတော့ ဘာစီလိုနာအသင်းက ပီအက်စ်ဂျီအသင်းကို အိမ်ကွင်းမှာ ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူထားပါတယ်။
ပီကေးက ဒီပိုတီပို့နဲ့ပွဲစဉ်မှာ ပုံမှန် ကစားနေကျအတိုင်း မကစားနိုင်ခဲ့သလို ပွဲတိုင်းမှာ အနိုင်ရဖို့ မလွယ်ဘူးလို့ ပြောပါတယ်။
ဘာစီလိုနာရှုံးတဲ့အချိန်မှာ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကတော့ ရီးရဲလ်ဘီတစ်ကို အနိုင်ယူပြီး အမှတ်ပေးဇယားကို ဦးဆောင်ခွင့် ရသွားပါတယ်။
ဒီပွဲရှုံးတဲ့ ဘာစီလိုနာက အမှတ် ၆၀ နဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရှိနေပြီး တပွဲလျော့ ရီးရဲလ်မက်ဒရစ်က ၆၂ မှတ်နဲ့ ဇယားထိပ်မှာ ဦးဆောင်နေပါတယ်။

No comments:

Powered by Blogger.