လန်ဒန်တိုက်ခိုက်မှုဖြစ်စဉ်အချက်အလက်များ
ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ်ခေါင်မှာ မတ်လ ၂၂ ရက်က အကြမ်းဖက်ခိုက်မှုနဲ့ ပတ်သက်ပြီး နောက်ဆုံးရ အချက်အလက်များ။
(၁) မတ်လ၂၂ ရက် လန်ဒန်မြို့တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ-၅ ဦးသေဆုံးပြီး ၄၀-ဒဏ်ရာရ။
(၂) သေဆုံးသူ ၅ဦးထဲမှာ ရဲအရာရှိ၁ ဦး၊ တိုက်ခိုက်သူ အကြမ်းဖက်သမား ၁ ဦးနဲ့ တိုက်ခိုက်မှုကြောင့် တံတားပေါ်ကနေ မြစ်ထဲခုန်ချခဲ့သူ အရပ်သား ၃ ဦးပါဝင်တယ်လို့ လန်ဒန်မြို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့ကထုတ်ပြန်။
(၃) အကြမ်းဖက်သမားဟာ မတ်လ၂၂ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂နာရီ မိနစ် ၄၀ တိတိမှာ အားကစားပစ္စည်းတွေတင်ဆောင်တဲ့ ကားကြီး တစ်စီးကို မောင်းနှင်လာပြီး လန်ဒန်မြို့ Westminster တံတားပေါ်သွားလာနေတဲ့ လူအုပ်ထဲ အရှိန်နဲ့ ၀င်တိုက်။
(၄) ဒီဖြစ်စဉ်မှာ ကြောက်လန့်ပြီး မြစ်ထဲခုန်ချသူ ၃ ဦး အရင်ဆုံး သေဆုံးခဲ့ပါတယ်။ နောက်ထပ် လူ ၄၀-ခန့် ဒဏ်ရာရရှိခဲ့ရာမှာ ရဲအရာရှိ ၃ဦးနဲ့ ပြင်သစ်ကျောင်းသားတစ်ချို့လည်း ပါဝင်။
(၅) အကြမ်းဖက်သမားဟာ ကားပေါ်ကဆင်းကာ လွှတ်တော်အဆောက်အဦတွေအနီးကို ချဉ်းကပ်သွားခဲ့ပြီး လက်နက်မပါဘဲ ရဲအရာရှိ ကိသ်ပမ်လ်မားကို ဓားနဲ့ထိုးတိုက်ခိုက်ခဲ့တာကြောင့် ရဲအရာရှိ သေဆုံးခဲ့ပါတယ်။
(၆) လန်ဒန်ရဲတပ်ဖွဲ့က အကြမ်းဖက်သမားကို အသေပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။
(၇) အခင်းဖြစ်ပြီးတဲ့နောက် အစိုးရက လွှတ်တော်အဆောက်အဦကို ချက်ချင်းသော့ခတ်ပိတ်ပစ်လိုက်ပြီး နောက်ထပ် အကြမ်းဖက်သမားတွေ ထပ်ရှိနိုင်မလားဆိုပြီး ပိုက်စိပ်တိုက်ရှာဖွေခဲ့ပေမယ့် အကြမ်းဖက်သမားတစ်ဦးထဲကသာ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့တယ်လို့ လန်ဒန်ရဲတပ်ဖွဲ့ပြော။
(၈) သေဆုံးတဲ့ရဲအရာရှိဟာ အသက်-၄၈ နှစ်အရွယ်ရှိ Keith Palmer ဖြစ်ပြီး ဗြိတိန်ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းနေတာ ၁၅-နှစ်ရှိပြီဖြစ်ပါတယ်။
(၉) တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို လန်ဒန်မြို့ အကြမ်းဖက်မှု ဆန့်ကျင်ရေးရဲတပ်ဖွဲ့က အပူတပြင်း စုံစမ်းစစ်ဆေးနေ။
(၁၀) အသေပစ်ခတ်ဖမ်းဆီးထားတဲ့ အကြမ်းဖက်သမား မည်သူမည်ဝါဆိုတာကို လန်ဒန်ရဲတပ်ဖွဲ့ အမည်နာမခွဲခြားသိရှိထားပြီဖြစ်ပေမယ့် အသေးစိတ်အချက်အလက်ကို တရားဝင်သတင်းထုတ်ပြန်ပြန်ခြင်း မရှိသေး။
(၁၁) အကြမ်းဖက်သမားဟာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်နေတယ်လို့ လန်ဒန်ရဲတပ်ဖွဲ့က ယူဆ။
No comments: