Header Ads

Breaking News
recent

၇ ကြိမ်မြောက် Japan Cup ကရာတေးဒိုပြိုင်ပွဲကို ကာချုပ်တက်ရောက်





မြန်မာနိုင်ငံကရာတေးဒို အဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတို့ပူးပေါင်းပြီး ဂျပန်ကုန်သည်ကြီးများ အသင်း(ရန်ကုန်) က အဓိကပံ့ပိုးတဲ့ ၇ကြိမ်မြောက် ဂျပန်မြန်မာ ချစ်ကြည်ရေး 7th Japan Cup Karatedo Championship 2017 ပြိုင်ပွဲကို မတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံမှာ ကျင်းပခဲ့ပါတယ်။
ဂျပန်-မြန်မာချစ်ကြည်ရေးအတွက် သာမကပဲနဲ့ မြန်မာနိုင်ငံမှာ ကရာတေးဒိုအားကစားနည်း ပြန့်ပွားရေးအတွက် ဦးတည်တယ်လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာဝင်းဇော်က ပြောပါတယ်။
ဒီ Japan Cup ပြိုင်ပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနဲ့တကွ တခြားတာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ကစားသမားတွေကို တရင်းတနှီး လိုက်လံနှုတ်ဆက်မှုတွေလည်း ရှိခဲ့ပါတယ်။
ဒီပြိုင်ပွဲကို ကရာတေးဒို ကစားနည်းမျိုးစုံမှ ကစားသမား ၂၀၀ နီးပါးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးတော့ မတ်လ ၂၄ ရက်နေ့မှာ ဆုပေးပွဲကျင်းပသွားမှာဖြစ်ပါတယ်။

No comments:

Powered by Blogger.