Header Ads

Breaking News
recent

ငိုကြွေးနေသည့် လသားကလေးငယ်ကို ကလိထိုး ချော့မြှူခဲ့သည့် ခွေးလိမ္မာကလေး




ကလေးငယ်တွေ ငိုကြွေးဂျီကျနေပြီး ချော့မြှူလို့မရတဲ့အချိန်ကို ကြုံတွေ့ဖူးပါသလား။
တခါတရံမှာ မိဘတွေအနေနဲ့ သူတို့ကို ချော့မြူဖို့နည်းလမ်း အလွယ်တကူမရတတ်ဘဲ ဘယ်လိုပဲ ကြိုးစားကြိုးစား မအောင်မြင်တတ်ပါဘူး။
ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သခင့်ရဲ့ ၉ လသားအရွယ် ကလေးငယ်ကို ကူညီချော့မြှူခဲ့တဲ့ ခွေးလိမ္မာကလေးကို တွေ့ရမှာပါ။
ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ၊ အီလီနွိုက်စ်ပြည်နယ်မှာ ဖြစ်ခဲ့တာပါ။
ကလေးငယ် ဂရေဟမ် ဝါဟားဖ်တစ်ဂ်ဟာ ချော့မြှူလို့မရနိုင်ဘဲ ရှိနေခဲ့ချိန်မှာ မိသားစုရဲ့ မွေးထားတဲ့ ခွေးကလေး ဂျီးဗ်စ်က ကူညီချော့မြှူခဲ့တာပါ။
မိခင် ကေတီဟာ သားငယ် ဂရေဟမ်ကို ဘယ်လိုချော့မြှူရင်ရမလဲဆိုတာကို သိခဲ့ပါတယ်။
“ဂျီးဗ်စ်ဟာ ဂရေဟမ့်ကို အငိုတိတ်စေခဲ့တဲ့အတွက် ကျမ ပျော်ရွှင်မိပါတယ်။ ဘယ်သူမှ သူ့ကို အငိုတိတ်အောင် မလုပ်နိုင်ကြဘူးလေ။”
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ခွေးကလေး ဂျီးဗ်စ်ဟာ ဂရေဟမ့်ရဲ့ ဝမ်းဗိုက်တွေ၊ ခန္ဓာကိုယ်တွေအနှံ့ ပွတ်သပ်တိုးဝှေ့ ကလိထိုးပြီး ကျီစယ်နေခဲ့တာကို တွေ့ရပါတယ်။
အဲဒီနောက်မှာတော့ ခွေးကလေး ဂျီးဗ်စ်ရဲ့ ချော့မြှူမှုနဲ့အတူ ရွှင်မြူးလာခဲ့တဲ့ ကလေးငယ် ဂရေဟမ်ကို အံ့သြစရာကောင်းလောက်အောင် တွေ့မြင်ရမှာပါ။

No comments:

Powered by Blogger.