Header Ads

Breaking News
recent

တပ်သိမ်းမြေပြန်ရရှိရေး တောင်ငူမြို့တွင် တောင်သူများ ငြိမ်းချမ်းစွာဆန္ဒပြ





ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ထဲက လယ်ယာမြေ သိမ်းဆည်းခံထားရတဲ့ တောင်သူတွေနဲ့ တရားစွဲဆိုခံထားရတဲ့ မူလတောင်သူတွေ စုပေါင်းပြီး လယ်ယာမြေပြန်လည်ရှိရေးအတွက် ဒီကနေ့မနက်က တောင်ငူမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
တောင်ငူမြို့နယ် မဟင်ကျေးရွာအုပ်စု ကွင်းအမှတ်-၅၃၁(က)က လယ်ယာမြေ ၃၈၉၂ ဧကကို တောင်ငူလေတပ်တည်ဆောက်ဖို့အတွက် ၁၉၉၀ ပြည့်နှစ်လောက်ကတည်းက သိမ်းယူသွားခဲ့တာဖြစ်ပြီး လယ်သမား ၅၉ ဦး ပိုင်ဆိုင်တဲ့ အသုံးမပြုတဲ့ လယ်ယာမြေ ၃၄၅ ဒသမ ၅၀ ဧကကို တောင်သူတွေက ပြန်လည်တောင်းဆိုနေတာပါ။
ဆန္ဒပြသူတဦးဖြစ်တဲ့ အိုင်စောက်ကျေးရွာသား ဦးမြင့်နိုင်က “၁၉၉၁ခုနှစ်ကတည်းကနေပြီးတော့၂၀၁၁ခုနှစ်တိုင်အောင် ကိုယ့်မြေ၊ ကိုယ့်လယ်၊ ကိုယ့်ယာတွေကို သီးစားခပေးပြီးတော့ လုပ်ကိုင်ခဲ့ရတဲ့အပေါ်မှာ ပြန်လိုချင်လို့ အခုလို ဆန္ဒဖော်ထုတ်ရတာဖြစ်တယ်”လို့ ပြောပါတယ်။
ဆန္ဒဖော်ထုတ်ပွဲကို တောင်ငူမြို့ရဲ့ အနောက်ဘက်မုခ်ဦးကနေပြီး ဗိုလ်မှူးဖိုးကွန်းလမ်း၊ နံပါတ် (၁) လမ်း၊ နံပါတ် (၆) လမ်း၊ ကုန်သည်ကြီးလမ်း၊ ဗိုလ်မှူးဖိုးကွန်းလမ်း၊ ဘုရင့်နောင်လမ်း၊ သုခလမ်း၊ စက်ရှင်လမ်းကနေ တောင်ငူ မိုင်ဒါကွင်းအထိ လယ်သမားတွေက လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

No comments:

Powered by Blogger.