ခေါင်းလောင်းတီးပြီး အစာလာပို့ခိုင်းသည့် ကြောင်ကလေး ၂ ကောင် ရုပ်သံ ရေပန်းစား
ခေါင်းလောင်း/ဘဲလ်တီးပြီး လူတွေကို အစာလာပို့ဖို့ လေ့ကျင်ပေးထားတဲ့ ကြောင်ကလေး ၂ ကောင်ရဲ့ အစာလာပို့ဖို့ ခေါင်းလောင်း/ဘဲလ်တီးနေတဲ့ ရုပ်သံဟာ လူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်။
မတ်လ ၃၁ ရက်နေ့ မေရာသတင်းဌာနရဲ့ ရုပ်သံထဲမှာ ကြောင်လေး ၂ ကောင်က သူတို့ရဲ့လက်သည်းတွေနဲ့ ခေါင်းလောင်းတစ်ခုစီကို ဆက်ကာဆက်ကာနှိပ်နေတာကို မြင်ရမှာပါ။
ခေါင်းလောင်းသံမြည်တဲ့အခါ ရုပ်သံထဲမှာ လူတစ်ဦးရဲ့လက်တစ်ဖက်ကို မြင်ရပါတယ်၊ အဲ့ဒီနောက် ကြောင်လေးတွေစားဖို့ သူတို့ရဲ့ ပန်းကန်ထဲကို အစာတွေ ထည့်ပေးနေတာပါ။
အစာကုန်သွားတဲ့အခါ ကြောင်တွေက ခေါင်းလောင်းထပ်တီးပြီး အစာထပ်တောင်းတာကိုလည်း တွေ့ရမှာပါ။
ဗြိတိန်နိုင်ငံရဲ့ လေဘာပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ တွမ်ဝက်စ်တန်က “ဒီရုပ်သံလေးကို ကြည့်လို့ မဝနိုင်ဘူး” လို့ တွီတာမှာ ရေးထားပါတယ်။
ဗြိတိန်နိုင်ငံရဲ့ လေဘာပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ တွမ်ဝက်စ်တန်က “ဒီရုပ်သံလေးကို ကြည့်လို့ မဝနိုင်ဘူး” လို့ တွီတာမှာ ရေးထားပါတယ်။
No comments: