Header Ads

Breaking News
recent

ရီးရဲလ်က စိတ်ဝင်စားနေတဲ့ ဟာဇက်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ကမ်းလှမ်းလာရင်တောင် ချယ်လ်ဆီးရောင်းချဖို့မရှိ





ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့အဓိက ကစားသမားဖြစ်သူ အီဒင်ဟာဇက်ကို စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ကမ်းလှမ်းလာရင်တောင် ငြင်းဆန်ပယ်ချဖို့အတွက် ပြင်ဆင်ထားတယ်လို့ ဘယ်လ်ဂျီယမ်သတင်းတွေရဲ့ အဆိုအရ သိရပါတယ်။ 
ဟာဇက်ဟာ အန်တိုနီယိုကွန်တီရဲ့ လက်အောက်မှာ ကစားရတာ ပျော်ရွှင်နေလျက်ရှိပြီး ၃၁ပွဲကစားရမှာ ၁၂ဂိုးအထိ သွင်းယူထားကာ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေလျက်ရှိနေပါတယ်။

ဘယ်လ်ဂျီယမ်ကစားသမားဟာ လတ်တလော နှစ်တွေအတွင်းမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်လာတာကြောင့် ရီးရဲလ်က အဓိကပစ်မှတ်အနေနဲ့ လာမယ့် နွေအပြောင်းအရွှေ့မှာ ကမ်းလှမ်းဖို့ ပြင်ဆင်နေတာပါ။ 
ပြင်သစ်လူမျိုးနည်းပြ ဇနဒိန်းဇီဒန်းကလည်း အသက် ၂၆နှစ်အရွယ်ကစားသမားကို စပိန်ကိုခေါ်ယူဖို့အတွက် စိတ်အားထက်သန်လျက်ရှိနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ချယ်လ်ဆီးကလည်း စိတ်ဝင်စားနေတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အပြောင်းအရွှေ့ရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ထည့်သွင်းကမ်းလှမ်းသွားဖွယ်ရှိနေကြောင်းလည်း သတင်းတွေက ဆိုပါတယ်။ 

ဒါပေမယ့် ဘယ်လ်ဂျီယမ်သတင်းစာတစ်စောင်ဖြစ်တဲ့ Het Laatste Nieuws က ချယ်လ်ဆီးအနေနဲ့ ဟာဇက်ကို ယူရိုသန်း၁၀၀နဲ့ ကမ်းလှမ်းလာခဲ့ရင်တောင် ပယ်ချဖို့အတွက် စီစဉ်ထားတယ်လို့ ရေးသားထားပါတယ်။ 
ချယ်လ်ဆီးကလည်း အပြန်အလှန်အနေနဲ့ ရီးရဲလ်က ဂျိမ်းအပြင် တိုက်စစ်မှူးမိုရာတာကိုပါ အလိုရှိနေကြောင်းလည်း သိရပါတယ်။

No comments:

Powered by Blogger.