Header Ads

Breaking News
recent

မြေပြိုကျမှုကြောင့် ဘားအံမြို့နယ်တွင် အလုပ်သမား ၃ ဦး သေဆုံး




ကရင်ပြည်နယ် ဘားအံမြို့နယ် မြိုင်ကလေး ဖားပုကျုံပိုက်ကျေးရွာ သံလွင်မြစ်ကမ်းပါအနီး မြေထိမ်းတာတမံဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ မြေပြိုကျမှုကြောင့် အလုပ်သမား ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
မနေ့မွန်းလွဲပိုင်းက အလုပ်သမား ၆ ဦးက မြေထိမ်းနံရံအတွက် ဖောင်ဒေးရှင်းတူးဖော်နေစဉ်မှာ အမြင့် ၁၅ ပေလောက်ကနေ မြေသားတွေပြိုကျခဲ့တာဖြစ်ပါတယ်။
အခင်းဖြစ်နေရာကို ရွာသူရွာသားတွေ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ မာဃလူမူကူညီရေးအသင်း (သံလွင်အနောက်) တို့ ပူးပေါင်းကာ ကူညီကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ကြပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရလူနာတွေကို ဘားအံပြည်သူဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားသူတွေကတော့ ကိုကျော်ကျော် (၃၉) နှစ်၊ ကိုအောင်စိုးဦး (၃၉) နှစ်နဲ့  ဒေါ်စန်းစန်းအေး (၄၀) နှစ်တို့ ဖြစ်ကြပါတယ်။

No comments:

Powered by Blogger.