Header Ads

Breaking News
recent

မိခင်ဗိုက်ထဲက ထွက်လာလိုက် ပြန်ဝင်လိုက် လုပ်နေသည့် သားပိုက်ကောင်




မျိုးသုဉ်းသွားပြီဖြစ်တဲ့ ရော့က်ဝါလာဘီ (Rock Wallaby) ကျောက်တုံးထူထပ်ရာမှာ နေတဲ့ သားပိုက်ကောင်သေးအမျိုးအစားဖြစ်တဲ့ သားပိုက်ကောင် မိခင်နဲ့ အကောင်ပေါက်လေးကို ၂၀၁၇ ခုနှစ်အစောပိုင်းက သြစတြေးလျမှာ တွေ့ရှိခဲ့ပါတယ်။
သြစတြေးလျ နယ်အစွန်အဖျားမှာရှိတဲ့ ကင်မရာတခုက ရိုက်ကူးမိပြီးနောက် သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် ဂရမ်ပီရမ်စ် အမျိုးသားပန်းခြံထဲမှာ သားပိုက်ကောင်သေးအမျိုးအစားကို ပြန်လည်တွေ့ရှိဖို့ မျှော်လင့်စရာ ဖြစ်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဒီသားပိုက်ကောင်မျိုးစိတ်ဟာ ဒေသကနေ ၁၉၉၉ ခုနှစ်ကတည်းက မျိုးသုဉ်းပျောက်ဆုံးနေတာလို့ ဂရမ်ပီရမ်စ်အမျိုးသားပန်းခြံ ဝန်ထမ်းတွေထဲက ပြောရေးဆိုခွင့်ရှိသူ ရိုင်ယန်ဒက်ဖီက ပြောပါတယ်။
ဒီလို ရော့က်ဝါလာဘီ သားပိုက်ကောင်အမကို နောက်ဆုံးတွေ့ရှိပြီးနောက် တွေ့ရှိတဲ့ဒေသကနေ ခေါ်ဆောင်ပြီး လှောင်အိမ်မှာထားကာ သားပေါက်အောင်ပြုလုပ်မဲ့ အစီအစဉ်တွေ စတင်မယ်လို့ ဒက်ဖီက ပြောပါတယ်။
တချိန် လှောင်အိမ်ထဲမှာ ထည့်ထားတဲ့ တစ်နေရာတည်းမှာပဲ တွေ့ရတတ်တဲ့ ဒီသားပိုက်ကောင်မျိုးစိတ်ဟာ သေနှုန်းမြင့်လို့ အစပိုင်းမှာ သားမပေါက်နိုင်ပဲ ၂၀၀၈ ခုနှစ်က ဂရမ်ပီရမ်စ်အမျိုးသား ပန်းခြံက လွှတ်ပေးလိုက်တယ်လို့ ဒက်ဖီက ပြောပါတယ်။
ရော့က်ဝါလာဘီ သားပိုက်ကောင်မျိုးစိတ် ပိုပြီးအသက်ရှည်ရှည်နေနိုင်အောင်၊ ပိုမိုမျိုးပွားနိုင်အောင်၊ ပြီးတော့ သူတို့ရဲ့သားပေါက်လေးတွေလည်း ပိုမိုအသက်ရှင်သန်နိုင်အောင် သင်ယူရင်း စတင်မယ့် အစီအစဉ် အချို့ကိုလည်း အပြောင်းအလဲ လုပ်မယ်လို့ သိရပါတယ်။


ရုပ်သံထဲမှာ သားပိုက်ကောင်ပေါက်လေးက မိခင်ရဲ့ ဗိုက်ကပ်အိတ်ထဲကနေ ထွက်ပြီး ခုန်ပေါက်သွားလာနေတာကို တွေ့ရမှာပါ။ ဒီနောက် အကောင်ပေါက်လေးဟာ မိခင်ဗိုက်ထဲ တခါပြန်ဝင်သွားတာလည်း တွေ့ရပါတယ်။ ဒါက တစ်နေရာတည်းမှာပဲ တွေ့ရတဲ့ ရှားပါး တိရစ္ဆာန်မျိုးစိတ်လေးဟာ သူရဲ့ သားပေါက်လေးကို မွေးဖွားနိုင်ချိန်အထိ အသက်ရှည်နိုင်တယ်ဆိုတာကို ပြနေတယ်လို့ ဒက်ဖီက ပြောပါတယ်။

No comments:

Powered by Blogger.