Header Ads

Breaking News
recent

Indian Wells တင်းနစ်ပြိုင်ပွဲတွင် ရော်ဂျာဖက်ဒရာ ဗိုလ်စွဲ




အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ မနေ့က ယှဉ်ပြိုင်သွားတဲ့ Indian Wells တင်းနစ်ပြိုင်ပွဲ အမျိုးသားဗိုလ်လုပွဲမှာ ရော်ဂျာ ဖက်ဒရာက စတန် ဝေါ်ဝင်ကာကို အနိုင်ရ ဗိုလ်စွဲသွားပါတယ်။
ဆွစ်ဇာလန်နိုင်ငံသား ဝေါ်ဝင်ကာဟာ Indian Wells ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာပါ။
ပထမပွဲကို ဖက်ဒရာက စပေးဘောနဲ့ အကွက်ချ ရိုက်ချက်တွေကနေ အသာစီးယူပြီး ၆ – ၄ နဲ့ အနိုင်ရသွားပါတယ်။ ဒုတိယပွဲမှာတော့ ဝေါ်ဝင်ကာရဲ့ လက်ပြန်ရိုက်ချက်တွေ ကောင်းတဲ့အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပါတယ်။
အတွေ့အကြုံများတဲ့ ဖက်ဒရာကပဲ ဒုတိယပွဲကို ၇ – ၅ နဲ့ အနိုင်ယူပြီး Indian Wells ချန်ပီယံဆုကို ဆွတ်ခူးသွားပါတယ်။
အသက် ၃၅ နှစ်အရွယ် ဖက်ဒရာဟာ Indian Wells ချန်ပီယံဆုကို ၅ ကြိမ် ရယူနိုင်တာဖြစ်ပြီး ပြိုင်ပွဲရဲ့သမိုင်းမှာ အသက်အကြီးဆုံး ချန်ပီယံအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။

No comments:

Powered by Blogger.