ကင်ဂျုံနမ် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံသားများကို မလေးရှားရဲ ရှာဖွေ
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အစ်ကိုကို သတ်ဖြတ်မှုနဲ့ နောက်ထပ် မြောက်ကိုရီးယားနိုင်ငံသားတွေကို ရှာဖွေနေတယ်လို့ မလေးရှားရဲချုပ်က မတ်လ ၁၉ ရက်နေ့မှာ ပြောပါတယ်။
ဘယ်သူဘယ်ဝါ အသေးစိတ်ကို ရဲချုပ် ခါလစ် အဘူ ဘတ်ကာက မပြောဆိုပေမယ့် သူတို့ကို သင့်တော်တဲ့အချိန်မှာ ဖမ်းဆီးမယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
ကင်ဂျုံနမ် သတ်ဖြတ်ခံရမှုနဲ့ အလိုရှိသူ ၈ ဦးကို မလေးရှားအစိုးရက အရင်က ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထဲက တချို့ဟာ ကွာလာလမ်ပူမြို့တော်က မြောက်ကိုရီးသားသံရုံးထဲမှာ ရှိနေကြတယ်လို့ မလေးရှားရဲတပ်ဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့လ ၁၃ ရက်နေ့က ကင်ဂျုံနမ်ကို ကွာလာလမ်ပူလေဆိပ်မှာ အဆိပ်ပေးသတ်ဖြတ်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံသူတဦးနဲ့ အင်ဒိုနီးရှားနိုင်ငံသူတဦးတို့ကိုတော့ ရုံးတင်စစ်ဆေးနေပြီ ဖြစ်ပါတယ်။
အခုတော့ ဒီသတ်ဖြတ်မှုနဲ့ ဆက်နွယ်သူအားလုံး ၁၀ ယောက်ကျော်သွားပြီး မြောက်ကိုရီးယားအစိုးရရဲ့ ပူးပေါင်းကူညီမှု မရှိတဲ့အတွက် မလေးရှားရဲတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေးရေး အခက်အခဲဖြစ်နေပါတယ်။
No comments: