Header Ads

Breaking News
recent

PPST နှင့် PPWT ဆွေးနွေးပွဲ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ မိန့်ခွန်း (ရုပ်သံ)


တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (အန်စီအေ)  စာချုပ်အတိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း၊ စည်းစည်းလုံးလုံးနဲ့ ရှေ့ဆက်ချီတက်ကြရန် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ်လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST နဲ့ လုပ်ငန်းအဖွဲ့ PPWT ဖွဲ့တို့  လုပ်ငန်းညှိနှိုင်းအစည်းအဝေးရဲ့ အဖွင့်သဘာပတိ မိန့်ခွန်းမှာပြောသွားတာပါ။
အစည်းအဝေးကို မတ် ၄ ရက်နေ့ကနေ ၆ ရက်နေ့မထိ ကျင်းပမှာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ၁၁ ရက်နေ့တွေမှာ PPST ရဲ့ လော်ခီးလာ  အစည်းအဝေးဆုံးဖြတ်ချက်တွေ ပြန်လည်သုံးသပ်တာ၊ ဝ ဦးဆောင်လှုပ်ရှားမှု အခြေအနေ၊ UNFC  ဦးဆောင်လှုပ်ရှားမှုနဲ့အလားအလာ အပါအဝင်၂၁ ရာစုပင်လုံးညီလာခံ ဒုတိယ အစည်းဝေး စတဲ့ လက်ရှိနိုင်ငံရေး အခြေအနေတွေ သုံးသပ်တာတွေ ဆွေးနွေးကြမှာဖြစ်ပါတယ်။

No comments:

Powered by Blogger.