Header Ads

Breaking News
recent

ထီးချိုင့်တွင် ကြံတင်ခတောင်းရာမှ လူသတ်မှုဖြစ်





စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ အုတ်ဆုံကျေးရွာတွင် မတ်လ ၂၂ ရက် က လူသတ်မှု တခုဖြစ်ပွားခဲ့တယ်လို့ ထီးချိုင့်မြို့မရဲစခန်းက သိရပါတယ်။
ဖြစ်စဉ်မှာ ထီးချိုင့်မြို့နယ်၊ အုတ်ဆုံကျေးရွာနေ ၀င်းဇော်မိုး ဆိုသူက အရက်သောက်ပြီး မိခင်ဖြစ်သူ ဒေါ်မိုးနေအိမ်ကိုသွားရောက်ပြီး အစ်ကိုဖြစ်သူ ဇော်မိုး ထံက ကြံတင်ခငွေတောင်းခံရာမှ စကားပြီး အစ်ကိုဖြစ်သူက အရိုးအသွား ၂၅ လက်မရှိ ဓားဦးချွန်နဲ့ ဝမ်းဗိုက်ကိုထိုးပြီး မောင်းကုန်း ရဲကင်းစခန်းဘက်ကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
ဝင်းဇော်မိုးမှာ ဝမ်းဗိုက်ပေါက်ပြဲ အူထွက်ဒဏ်ရာဖြင့် ဆေးရုံပို့စဉ် သေဆုံးသွားတဲ့အတွက် ဓားနဲ့ထိုးသူ ဇော်မိုးအားဥပဒေအရ အရေးယူပေးပါဖို့ ၀င်းဇော်မိုးရဲ့ ဇနီး ဖြစ်သူမခိုင်ခိုင်ဝင်းမှ တရားလိုပြုလုပ်တိုင်ကြားထားတာဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရပါတယ်။
သေဆုံးသူမှာ ၀င်းဇော်မိုး ၃၀ နှစ် အုတ်ဆုံကျေးရွာ ထီးချိုင့်မြို့နယ်နေသူဖြစ်ပါတယ်။  ဓားနဲ့ ထိုးသူ ဇော်မိုး (၃၂ နှစ်) အုတ်ဆုံကျေးရွာ၊ ထီးချိုင့်မြို့နယ်နေသူကို ထီးချိုင့်မြို့မရဲစခန်းမှ (ပ) ၈၀/၁၇၊ ပြစ်မှုပုဒ်မ – ၃၀၂ အမှုကြီးအမှတ်စဉ် ၂/၂၀၁၇အရ အရေးယူဆောင်ရွက်နေပြီး ထီးချိုင့်မြို့မ ရဲစခန်းမှူးဒုရဲမှူး ရဲထွဋ်အောင်က အမှုကို စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

No comments:

Powered by Blogger.