Header Ads

Breaking News
recent

ကြောက်မက်ဖွယ်ရေစီးထဲ မျောပါသည့် မျောက်ဝံကို ခက်ခက်ခဲခဲကယ်တင်





အင်ဒိုနီးရှားနိုင်ငံမှာ ကြောက်မက်ဖွယ် ရေစီးကြမ်းထဲ မျောပါခဲ့တဲ့ အော်ရန်ဂူတန် မျောက်ဝံတကောင်ကို ကယ်ဆယ်ရေးသမားတွေက ခက်ခက်ခဲခဲ ကယ်တင်ခဲ့ကြရပါတယ်။
ဒီအဖြစ်အပျက်ဟာ အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ကလီမန်တန်ခရိုင်တွင်းက လီဆန်မြစ်ထဲမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ မတ်လ ၂၁ ရက်နေ့က ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အော်ရန်ဂူတန်မျောက်ဝံဟာ မြစ်ထဲ တဝေါဝေါစီးဆင်းနေတဲ့ ရေလှိုင်းဖြူဖြူတွေကြားမှာ ကျောက်တုံးတတုံးကို မြဲမြဲတွယ်ဖက်ထားခဲ့တာ တွေ့ရပါတယ်။
တကယ်လို့များ သစ်ကိုင်းသစ်ခက်တခုခုကိုသာ မှီတွယ်နိုင်ခဲ့ရင် မျောက်ဝံဟာ ရေစီးကို ကျော်ဖြတ်နိုင်မှာ ဖြစ်ပေမယ့် ခုအခြေအနေကတော့ ကူကယ်ရာမဲ့ ဖြစ်နေခဲ့ရတာပါ။
ကယ်ဆယ်ရေးသမားတွေဟာ အော်ရန်ဂူတန်မျောက်ဝံ ထိန်းသိမ်းကာကွယ်ရေး စင်တာမှဖြစ်ပြီး သူတို့ဟာ မျောက်ဝံကြီးကို သစ်ကိုင်းတွေခုတ်ပြီး ခိုတွဲလို့ရမယ့် တံတားတခုသဖွယ် ကမ်းပေးခဲ့ကြကာ ကယ်တင်ခဲ့ကြရတာပါ။
နောက်ဆုံးမှာတော့ မျောက်ဝံကြီးဟာ သူတို့ကမ်းပေးတဲ့ သစ်ကိုင်းမှတဆင့် ကမ်းပေါ်ပြန်တက်နိုင်ခဲ့ပြီး လွတ်မြောက်သွားခဲ့တာပါ။
ခုလို ခက်ခက်ခဲခဲ ကယ်တင်ခဲ့မှုအပေါ် တိရစ္ဆာန်ချစ်သူတွေက ချီးကျူးခဲ့ကြတာပါ။
အော်ရန်ဂူတန်မျောက်ဝံ ထိန်းသိမ်းကာကွယ်ရေး စင်တာတည်ထောင်သူ ကဲန်ဟာဒီက “ဒါဟာ အသက်ရှင်ခြင်းနဲ့ သေခြင်းတရား ကြားကာလပါပဲ။ အော်ရန်ဂူတန်တွေဟာ ရေကိုနှစ်သက်ကြပေမယ့် ရေမကူးတတ်ကြပါဘူး” လို့ ပြောပါတယ်။

No comments:

Powered by Blogger.