Header Ads

Breaking News
recent

မိခင်နှင့် စကားများရာမှ သားဖြစ်သူ နေအိမ်မီးရှို့





မွန်ပြည်နယ် ရေးမြို့နယ် တူးမြောင်းကျေး ရွာအုပ်စု ဝယ်ပေါ်ခြံစု နေ ဒေါ်မိုး ခြေ တံရှည် သွပ်မိုးပျဉ်ခင်း ဝါးထရံကာ ၁ ထပ် နေအိမ်မှာ မတ် ၂၃ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်က မိခင်နဲ့ စကားများရန်ဖြစ်ရာကနေတဆင့် သားဖြစ်သူက နေအိမ် မီးရှို့မှုဖြစ်ပွားခဲ့တယ်လို့ ရေးမြို့မရဲစခန်းက သိရပါတယ်။
“နေအိမ်ရှင် ဒေါ်မိုးရဲ့သားဖြစ်သူ ခင်အောင်ကျော်မှာ မိခင်နဲ့ စကားများရန်ဖြစ်ခဲ့ရာက နေအိမ်နောက်ဘေးမီးဖိုဆောင်သို့ ဝင်ရောက်ကသွားပြီးနောက် မီးရှို့ခဲ့တယ်”လို့ ခင်အောင်ကျော ရဲ့အစ်မဖြစ်သူ မချိုဝင်း ပြောပြပါတယ်။
မီးလောင်ဖြစ်ပွားရာ ရေးမြို့နယ်မီးသတ် တပ်ဖွဲ့ဝင် ၄၅ ဦး ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနဲ့ မီးသတ်ယာဉ် ၃ စီးတို့က မီးငြိမ်းသတ်ခဲ့ရပါတယ်။ ည ၈ နာရီ ၅ မိနစ်မှာ မီးငြိမ်းသတ် နိုင်ခဲ့ပြီး နေအိမ် ၁ လုံးသာ မီးလောင်ကျွမ်းခဲ့ရာ ကာလတန်ဖိုး ၄ သိန်း ၂ သောင်းကျပ်ခန့် မီးလောင်ကျွမ်းဆုံးရှုံးခဲ့တယ်လို့ ရေးမြို့မရဲစခန်းက သိရပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်ပြီး အိမ်ကိုမီးရှို့သူ ခင်အောင်ကျော်ကို ဒုရဲအုပ် အေးမြင့် က တရားလိုပြုလုပ် တိုင်တန်းကာ ရေးမြို့မရဲစခန်း (ပ)၉၀/၂၀၁၇ ရာဇာသတ်ကြီးပုဒ်မ -၄၃၆ အရ ၂၀၁၇ မတ် ၂၃ ရက်နေ့ ည ၉ နာရီ အချိန်က အမှုဖွင့်အရေးယူထားပြီး တရားခံ ခင်အောင်ကျော်ကို ဖမ်းဆီးမိနိုင်ရေးနယ် ထိန်းတပ်ဖွဲ့ဝင်များက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

No comments:

Powered by Blogger.