Header Ads

Breaking News
recent

နာဂဒေသတွင် ချောင်းဆိုးရောဂါတမျိုးကြောင့် လူ ၁၄ဦး သေဆုံး



နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် တွေးထွေနောက်ကုန်းအုပ်စု လောနောကုန်းကျေးရွာမှာ ချောင်းဆိုးရောဂါတစ်မျိုးကြောင့် ကလေးငယ်များ အပါအ၀င် သေဆုံးသူ ၁၄ ဦးအထိ ရှိနေပြီလို့ တိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
လဟယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးက သေဆုံးသူ ၁၄ ဦးဟာ ရုတ်တရက် သေဆုံးခြင်းမျိုး မဟုတ်ဘဲ နှစ်လလောက်အတွင်း သေဆုံးတာလို့ ပြောပါတယ်။
“ပြီးခဲ့တဲ့ ဇန်န၀ါရီကစပြီးတော့ အခု မတ်လ ၂ ရက်အထိ စုစုပေါင်း ၁၄ ယောက် သေဆုံးပါတယ်။ အသက် ၈၀ ကျော်တွေလည်း ပါတယ်၊ ၆၀ ကျော်တွေလည်းပါတယ်၊ ၅၀ ကျော်တွေလည်း ပါတယ်၊ အသက်ကြီးပိုင်တွေ များပါတယ်။ ကလေးက ၂ နှစ်အရွယ် ၂ ယောက်နဲ့ ၃ နှစ်အရွယ် တယောက် ပါပါတယ်။ မနေ့က ကျန်းမာရေးအဖွဲ့တွေ လွှတ်လိုက်တဲ့ အခါကျတော့ နာတာရှည် ရောဂါလို့ပဲ သိရတယ်၊ ကူးစက်ရောဂါ မဟုတ်ဘူး ဆိုတာတော့ သေချာပါတယ်ဗျ။”
ဒီနေ့ပဲ ဆရာဝန် ၃ ယောက်ကို ရောဂါဖြစ်ပွားနေတဲ့ ရွာကို စေလွှတ်ထားပြီး ညနေပိုင်းလောက်ကျရင် ဘာရောဂါကြောင့် သေဆုံးတယ်ဆိုတာ အတိအကျ သိရမယ်လို့လည်း ပြောပါတယ်။
သေဆုံးသူတွေဟာ ၀မ်းပျက်ပြီး နှာစေး၊ ချောင်းဆိုးလည်းဖြစ်တယ်၊ ရောဂါက ရောနှောဖြစ်ပွားနေတယ်လို့ လဟယ်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကယ်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းကလည်း နာဂဒေသကျေးရွာတွေမှာ ဖျားနာချောင်းဆိုး ခန္ဓာကိုယ်မှာ အနီစက်တွေထွက်တဲ့ အမည်မသိ ကူးစက်ရောဂါဖြစ်ပွားပြီး ကလေးငယ်တွေရော သက်ကြီးရွယ်အိုတွေပါ သေဆုံးခဲ့ဖူးပါတယ်။

No comments:

Powered by Blogger.