Header Ads

Breaking News
recent

လန်ဒန်မြို့တော်တွင် ဒုတိယကမ္ဘာစစ်က မပေါက်ကွဲသေးသည့် ဗုံးတွေ့ရှိ


ဗြိတိန်နိုင်ငံ မြို့တော် လန်ဒန်က ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဒုတိယကမ္ဘာစစ်က မပေါက်ကွဲသေးတဲ့ ဗုံးလို့ယူဆရတဲ့ ဗုံးတလုံးကို တွေ့ခဲ့ရပါတယ်။
ဒါကြောင့် ကြိုတင်ကာကွယ်ရေးအနေနဲ့  အိမ်တွေ လုပ်ငန်းတွေ ကျောင်းတွေနဲ့ အဆောက်အဦတွေက လူတွေကို ကြာသပတေးညက ဘေးလွတ်ရာ ရွှေ့ပြောင်း ပေးခဲ့ရပါတယ်။
ဒီဗုံးနဲ့ ပတ်သက်ပြီး စစ်တပ် အထူးအရာရှိတွေ ညလုံးပေါက် အလုပ်လုပ်ခဲ့ပါတယ်။
ဒေသတွင်း လမ်းတချို့ကိုလည်း ပိတ်ခဲ့ရတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ဒေသခံတွေကိုတော့ အနားက ခိုလှုံရေး ဌာနမှာ စောင့်ရှောက်ထားတယ်လို့ လန်ဒန် မီးသတ်ဌာနက ပြောပါတယ်။

No comments:

Powered by Blogger.