Header Ads

Breaking News
recent

ဖာမီနိုနဲ့ ကော်တင်ဟိုတို့ပြန်လာဖို့အတွက် ဂျက်လေယာဉ်ငှားရမ်းပေးခဲ့တဲ့ လီဗာပူးလ်




လီဗာပူးလ်အသင်းကတော့ သူတို့ရဲ့ အဓိက ကစားသမားနှစ်ယောက်ကို သေချာဂရုစိုက်နေတာပါ။ ဘရာဇီးလ်လက်ရွေးစင်အသင်းနဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ တိုက်စစ်မှူး ဖာမီနိုနဲ့ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုတို့ကို အင်္ဂလန်အပြန်ခရီးအတွက် လီဗာပူးလ်အသင်းဟာ ဂျက်လေယာဉ်စင်းလုံး ငှားရမ်းပေးခဲ့တယ်လို့ သိရပါတယ်။

အဲဗာတန်အသင်းနဲ့ကစားသွားရမယ့် မာဆေးဆိုက်ဒါဘီအတွက် ဒဏ်ရာပြဿနာတွေမပေါ်အောင် အဓိက ကစားသမားတွေကို လီဗာပူးလ်အသင်းက အထူးဂရုစိုက်နေပြီး ကြာသပတေးညမှာတော့ အင်ပြည့်အားပြည့်နဲ့ လီဗာပူးလ်ကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။

ဇန်နဝါရီလတုန်းကတော့ လီဗာပူးလ်အသင်းဟာ ပီအက်စ်ဂျီ ၊ မန်စီးတီးစတဲ့အသင်းတွေနဲ့အတူ ဘရာဇီးလ်လက်ရွေးစင်ကစားသမားတွေအတွက် ဂျက်လေယာဉ်ငှားရမ်းခဲ့ပြီး ၊ ဆေဒီယိုမာနေရဲ့ အာဖရိကဖလားအပြန်ခရီးမှာလည်း အလားတူပဲ စင်းလုံးငှားဂျက်လေယာဉ်ကို
အသုံးပြုခဲ့ပေးပါတယ်။

နောက်ပိုင်းဘောလုံးလောကဟာ ကစားသမားတွေရဲ့ ပျော်ရွှင်မှုပေါ်အခရာကျလာတာကြောင့် အသင်းတွေအနေနဲ့လည်း ခြေစွမ်းကောင်းတဲ့ ကစားသမားတွေကို ရွှေလိုဥပြီး မွေးမြူနေရတာပါ။ လီဗာပူးလ်အသင်းရဲ့နည်းပြ ယာဂန်ကလော့ပ်ကတော့ အသင်းရဲ့နောက်ခံလူ ဆာခိုကိုနာပိုလီအသင်းကို ရောင်းချဖွယ်ရှိနေပြီး ဆောက်သမ်တန်နောက်ခံလူ ဗန်ဒိုက်ကို ပြန်လည်ခေါ်ယူဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

No comments:

Powered by Blogger.