YBS ပြေးဆွဲရန် တရုတ်နိုင်ငံမှ ဘတ်စ်ကားစီးရေ ၁,၀၀၀ မှာယူ
YBS ဘတ်စ်ကားစနစ် တွင် ထည့်သွင်းပြေးဆွဲရန် ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က တရုတ်နိုင်ငံမှ ဘတ်စ်ကား အသစ်စီးရေ ၁,၀၀၀ မှာယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းက ပြောသည်။
‘‘ဝယ်ဖို့အရင်က စီစဉ်ထား တာကတော့ ကိုရီးယားနဲ့ တရုတ် နိုင်ငံက ကားတွေဆိုပေမယ့် ကို ရီးယားက ဈေးကြီးလွန်းနေတာ ကြောင့် တရုတ်ကကားကို အရင် ဝယ်လိုက်တာပါ။ ပထမအဆင့် အစီးရေ ၁,၀၀၀ ဝယ်ယူထားတာဖြစ်ပါတယ်။ ဘယ်တော့လောက် ရောက်ရှိမယ်ဆိုတာတော့ မသိသေးဘူး’’ဟု ဦးသန်းဝင်းက ပြောသည်။
လက်ရှိတွင် မှာယူထားသော ဘတ်စ်ကားများသည် Yutong နှင့် Higer အမျိုးအစား ဘတ်စ် ကား အသစ်များဖြစ်ပြီး တစ်စီး လျှင် ဒေါ်လာ ၅၆,၀၀၀ ဖြင့် မတ်လကုန်က ဝယ်ယူခဲ့သည်။
အဆိုပါကားများသည် စီးတီးဘတ်စ်အမျိုးအစား အိမ်ရှည်ဘတ်စ်ကားများဖြစ်ပြီး အစိုးရအဖွဲ့က လက်ရှိဝယ်ယူသောနှုန်းမှာ သင့်တင့်သည်ဟု ယာဉ်ပိုင်ရှင် ကိုတရုတ်လေးက ပြောသည်။
‘‘ဒီဈေးနဲ့ဝယ်ဖို့အတွက် မျှ တမှုရှိ၊ မရှိ ဝန်ကြီးချုပ်က မေး သေးတယ်။ အခု ဝယ်မယ်ဆိုတဲ့ ကားတွေက BRT လမ်းကြောင်း မှာဆွဲနေတဲ့ ကားတွေနဲ့ ဆင် တယ်။ လက်ရှိဆွဲနေတဲ့ ကားတွေက တန်ကြေးဒေါ်လာ ၇၀,၀၀၀၊ ၈၀,၀၀၀လောက်ရှိတော့ အခုဝယ်မယ့်ကားဈေးက တန်တယ်လို့ပြောလို့ရတယ်’’ဟု ကိုတရုတ်လေးက ပြောသည်။
ဘတ်စ်ကားများကို အစိုးရ ချင်း တိုက်ရိုက်ချိတ်ဆက်ဝယ်ယူ ခြင်းဖြစ်ပြီး အရည်အသွေးနှင့် တန်ကြေးသည် ပြင်ပအဖွဲ့ အ စည်းများ ဝယ်ယူသည့်နှုန်းထက် သက်သာစေရမည်ဟု ရန်ကုန် တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က ဖေဖော်ဝါရီအတွင်း ပြော ကြားထားသည်။
‘‘ဈေးကလည်း အသက်သာ ဆုံးဖြစ်ရမယ်။ အာမခံကလည်း ၂ နှစ်လောက်ပါရမယ်။ အကြွေး လည်းပေးနိုင်ရမယ်။ အဲဒီနည်းနဲ့ ဝယ်မှာပါ။ နိုင်ငံအတွက်၊ ပြည်သူ အတွက် ဝယ်မှာပါ။ အဲဒီ ဈေးနဲ့ လိုက်ပတ်ရှာ၊ ဘယ်မှာမှမရနိုင်ပါ ဘူး။ ဘာကြောင့်လဲဆိုရင် အစိုးရအချင်းချင်း ဝယ်မှာမို့ပါ။ အပြောင်းအလဲမှာ ဝင်ရောက်ကူညီပါလို့ ကျွန်တော်တို့က ပြောထားတယ်။ တခြားသူတစ်ယောက်က ဒီဈေးနဲ့ ဒီကားကို လိုက်ဝယ်ပါ။ ဘယ်မှာမှ မရစေရဘူး’’ဟု YBS ပြေးဆွဲမှုတစ်လပြည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဖြိုးမင်းသိန်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုး ရသည် လွှတ်တော်က ခွင့်ပြုထား သည့် ရန်ကုန်မြို့ သယ်ယူပို့ ဆောင်ရေးကဏ္ဍအတွက် အသုံး စရိတ် ကျပ် ဘီလီယံ၇၀ မှ ဘတ်စ်ကားဝယ်ယူခြင်းဖြစ်ကာ အစီးရေ ၃,၀၀၀ ကျော် ဝယ်ယူ ရန် လျာထားသည်။
No comments: