Header Ads

Breaking News
recent

လူ ၃၀၀ ခန့်သေဆုံးခဲ့သည့် တောင်ကိုရီးယား နစ်မြုပ်သင်္ဘောကြီးဆယ်ယူမှု စမ်းသပ်




လွန်ခဲ့တဲ့ ၃ နှစ်က တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းမှာ သင်္ဘောနစ်မြှုပ်ပြီး လူ ၃၀၀ နီးပါး သေဆုံးခဲ့တဲ့ သင်္ဘောကြီးကို ဗုဒ္ဓဟူးနေ့က စမ်းသပ်မတင်ကြည့်တာ အောင်မြင်တယ်လို့ သင်္ဘောဆယ်ယူရေး စီမံကိန်းအရာရှိတွေက ပြောဆိုပါတယ်။
သင်္ဘောကြီးကို ၀ါယာကြိုးတွေနဲ့ မတင်ကြည့်တာ ၁ မီတာလောက် မတင်နိုင်ခဲ့တယ်လို့ သင်္ဘောကို ဆယ်ယူဖို့ ကြိုးစားနေတဲ့ တောင်ကိုရီးယားပင်လယ်သမုဒ္ဒရာနဲ့ ငါးဖမ်းလုပ်ငန်းဝန်ကြီးဌာနက အရာရှိတွေကပြောဆိုတာပါ။
သင်္ဘောကြီးဟာ ၂၀၁၄ ခုနှစ် ဧပြီလက နစ်မြုပ်ပြီးကတည်းက ပင်လယ်ရေမျက်နှာပြင်အောက် ၄၄ မီတာအနက်မှာ နစ်မြုပ်နေတာပါ။
အဲဒီသင်္ဘောနစ်မြုပ်မှုမှာ လူ ၂၉၅ ဦးသေဆုံးပြီး ၉ ဦးပျောက်ဆုံးခဲ့တာမှာ အများစုဟာ အထက်ကျောင်းသား၊ ကျောင်းသူတွေဖြစ်ကြပါတယ်။
သင်္ဘောကို မတင်ဆယ်ယူတဲ့အခါ သင်္ဘောရဲ့အနေအထားကိုရော၊ သင်္ဘောကို မတင်တဲ့ ၀ါယာကြိုးတွေရဲ့ အခြေအနေကိုရော အနီးကပ်စောင့်ကြည့်သွားမယ်လို့ ၀န်ကြီးဌာနက ပြောဆိုပါတယ်။
ဒီသင်္ဘောပြန်လည်ဆယ်ယူရေးလုပ်ငန်းကို အခုလာမယ့် ဧပြီလကျမှ စတင်ဖို့ စီစဉ်ထားပေမယ့် ရာသီဥတု အခြေအနေကော၊ တခြားအခြေအနေတွေကော ကောင်းမွန်တဲ့အတွက် အရင်သတ်မှတ်ခဲ့ချိန်ထက် စောပြီး ဆယ်ယူမယ်လို့ အရာရှိတွေကပြောဆိုပါတယ်။
တကယ်လို့ ပြဿနာ တခုခုတက်ရင်ဖြစ်ဖြစ်၊ ရာသီဥတုအခြေအနေ ဆိုးရွားသွားရင်ဖြစ်ဖြစ်၊ ဆယ်ယူရေး လုပ်ငန်းတွေကို ခဏရပ်ဆိုင်းထားပြီး ဆယ်ယူရေးအတွက် တခြားပြင်ဆင်စရာရှိတာတွေ ပြင်ဆင်သွားမယ်လို့လည်း စီမံကိန်းအရာရှိတွေကပြောဆိုပါတယ်။

No comments:

Powered by Blogger.