Header Ads

Breaking News
recent

ရုရှားနှင့် တာဂျစ်ကစ္စတန် စစ်တပ်တို့ ပူးတွဲစစ်ရေးလေ့ကျင့်




ရုရှားနဲ့ တာဂျစ်ကစ္စတန်နိုင်ငံ စစ်တပ်တို့ မတ် ၃၁ ရက်နေ့က ပူးတွဲ စစ်ရေး လေ့ကျင့်ခဲ့ကြပါတယ်။
ဆိုဗီယက် ပြည်ထောင်စုဟောင်း လက်အောက်ခံ တာဂျစ်ကစ္စတန်နိုင်ငံက စက်ပစ်ကွင်း ငါးခုမှာ လေ့ကျင့်တာ ဖြစ်ပါတယ်။
မတ်လ ၂၇ ရက်နေ့က စတင်ပြီး လေးရက်ကြာ လေ့ကျင့်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
အကြီးစား စစ်ရေးလေ့ကျင့်တာ ဖြစ်ပြီး ၂ နိုင်ငံလုံးက စစ်သည် အင်အား ၂ ထောင်ကျော် ပါဝင် လေ့ကျင့်တာပါ။ စစ်ရေးလေ့ကျင့်မှုအတွင်း တိုက်ခိုက်ရေးပစ္စည်း အမျိုး ၇၀၀ ကျော် ပါဝင်ခဲ့ပါတယ်။
လတ်တလောနှစ်တွေအတွင်း ရုရှားနဲ့ တာဂျစ်ကစ္စတန်တို့ဟာ ပူးတွဲ စစ်ရေးလေ့ကျင့်မှု အတော်များများကို ဆောင်ရွက်ခဲ့ပြီးပါပြီ။
တာဂျစ်ကစ္စတန် နိုင်ငံထဲမှာ ရုရှားစစ်အုပ်စု အင်အား ၇ ထောင်ထိ ရှိလို့ နိုင်ငံပြင်ပမှာ ရုရှားရဲ့ အကြီးဆုံး စစ်တပ် အခြေစိုက် စခန်းလည်း ဖြစ်ပါတယ်။

No comments:

Powered by Blogger.